Social Icons

Pages

Thursday, October 16, 2014

ယခုနှစ် ကျိုက်ထီးရိုးဘုရားဖူး ရာသီတွင် ယခင်နှစ်ကထက် ဘုရားဖူးဧည့်သည် သိသိသာသာ ပိုမိုများပြားလာ



ကျိုက်ထို ၊ ၁၆-၁၀-၂၀၁၄

မြန်မာနိုင်ငံ၏ တန်ခိုးကြီး ဘုရားတစ်ဆူ ဖြစ်သည့် ကျိုက်ထီးရိုး စေတီတော်သို့ နှစ်စဉ် ဘုရားဖူးများ စည်ကား များပြားစွာ လာရောက် ဖူးမြော်လေ့ ရှိကြရာ ယခုနှစ် ဘုရားဖူးရာသီ ကာလ ဇန်နဝါရီလ မှ အောက်တိုဘာလ အထိ ဘုရားဖူး လာသူများမှာ ယခင်နှစ် ဇန်နဝါရီလ မှ ဧပြီလ အထိ ဘုရားဖူးရာသီ တစ်နှစ်တာ ကာလအထိ လာရောက်သူများ ထက်ပင် ဘုရားဖူး လာသူ ဦးရေမှာ ပိုမိုများလျက် ရှိကြောင်း သိရသည်။

နှစ်စဉ်နှစ်တိုင်း ကျိုက်ထီးရိုး ဘုရားဖူး အများဆုံး အချိန်များမှာ လွတ်လပ်ရေးနေ့ အပါအဝင် သီတင်းကျွတ် ကာလနှင့် သင်္ကြန် ကာလများ ဖြစ်ပြီး သင်္ကြန်ကျော် သွားသည်နှင့် ဘုရားဖူးဦးရေ သိသာစွာ လျော့ကျသွား လ့ရှိသည်။ ကျိုက်ထီးရိုး ဘုရားသို့ ပြည်တွင်း ဘုရားဖူး များသာမက ပြည်ပ ဘုရားဖူးများလည်း လာရောက် ဖူးမြော်ကြရာ ယခုနှစ် ပြည်ပ ဘုရားဖူးများတွင် ထိုင်းနိုင်ငံမှ အများဆုံး လာရောက် ဖူးမြော် ကြကြောင်း သိရသည်။

ယခုနှစ် ကျိုက်ထီးရိုး ဘုရားဖူး ဦးရေမှာ ယခင်နှစ် ကထက် သိသိသာသာ များပြားနေ သဖြင့် ကျိုက်ထီးရိုး ဘုရားဈေး ဆိုင်တန်းများ မှာလည်း ယခင်နှစ် ကထက် ပိုမို ရောင်းအား ကောင်းနေကြောင်း သိရသည်။ ဈေးဆိုင်များ ရောင်းအား မြင့်တက် လာခဲ့သော်လည်း အထမ်းလုပ်သား များမှာ ဝင်ငွေများ ကျဆင်း နေခဲ့သည်။ ယခင်က ကင်ပွန်းစခန်းမှ ဘုရား ရင်ပြင်တော်ပေါ် အထိ ဘုရားဖူး သူများ ခြေလျင် တက်ရောက်ကြ ရသဖြင့် ဘုရားဖူးများတွင် ပါလာသည့် ပစ္စည်းများနှင့် ခြေလျင် မတက်နိုင်သော သက်ကြီး ရွယ်အိုများ၊ ကလေးများ နှင့် မသန်စွမ်း သူများက အထမ်း လုပ်သားများကို ငှားရမ်း အသုံးပြု ခဲ့ကြသည်။

လက်ရှိတွင် ကျိုက်ထီးရိုး တောင်တက် ကားလမ်းမှာ ကင်ပွန်းစခန်းမှ ရသေ့တောင် အထိ ဖောက်လုပ် ထားရာမှ ယခု အချိန်တွင် ရင်ပြင်အောက်ခြေ အထိ တိုးချဲ့ ဖောက်လုပ် ထားသဖြင့် ရင်ပြင်အောက်ခြေ အထိ ကားဖြင့် တက်ရောက်ကြရာ အထမ်းလုပ်သား ငှားရမ်း အသုံးပြုသူ နည်းပါးလာပြီး အထမ်း လုပ်သားများ ဝင်ငွေ လျော့နည်း လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...