Social Icons

Pages

Tuesday, September 9, 2014

ရှမ်းပြည်နယ် မှ ကွမ်းစားဂမုန်းကို မူဆယ်သို့ တင်ပို့ရာတွင် အတားအဆီးအချို့ ရှိနေ


ကွမ်းစားဂမုန်း

ရန်ကုန် ၊ ၉-၉-၂၀၁၄

နိုင်ငံတော်မှ လွတ်လပ်စွာ ကုန်သွယ်ခွင့် ပေးထားခဲ့သည့် စာရင်းတွင် ပါဝင်သော ကွမ်းစားဂမုန်း ကို ရှမ်းပြည်နယ် မှ တရုတ်နိုင်ငံ သို့ တင်ပို့ ရောင်းချရာ၌ လမ်းခရီးတွင် အတားအဆီး အချို့ ရှိနေခြင်း ကြောင့် ကုန်သည်များ အခက်အခဲ ကြုံတွေ့ နေရကြောင်း သိရသည်။

''ဂွမ်းစားဂမုန်း ကို ရှမ်းပြည်နယ် ကနေ မူဆယ်သို့ တင်ပို့ နေရာမှာ ရှမ်းပြည်နယ် ထဲမှာ အဆင်ပြေ ပေမယ့် မန္တလေးတိုင်း ဒေသကြီး ထဲက ၁၆ မိုင်ဂိတ်နဲ့ မူဆယ် (၁ဝ၅) မိုင်မှာ သစ်တော က မျှောစာ မပါလို့ ဆိုပြီး တားဆီးခံ နေရပါတယ်။ ကွမ်းစားဂမုန်း ကို နိုင်ငံတော်က လွတ်လပ်စွာ ကုန်သွယ်ခွင့် ပြုထားတာပါ။ တစ်ဖက် ဈေးကွက်က လိုချင်တဲ့ အရည်အသွး၊ လိုချင်တဲ့ ပမာဏ၊ လိုအပ်တဲ့ နေရာကို လိုချင်တဲ့ အချိန်မှာ အချိန်မီ ပို့ဆောင် ပေးနိုင်မှသာ ခိုင်မာတဲ့ ဈေးကွက် ဖြစ်ပေါ် လာမှာပါ ... '' ဟု ကုန်သည် တစ်ဦးက ပြောပြသည်။

ကွမ်းစားဂမုန်း ကို ကုန်သွယ်ခွင့် နှင့် ပတ်သက်၍ ညွှန်ကြား ရေးမှူးရုံး၊ သစ်တော ဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ၏ (၂ဝ.၆.၂ဝ၁၃) ရက်စွဲပါ စာအမှတ် ၁၃၄၆၄. ၆၉/ ဘ(ဂ) ၁ဝ ဖြင့် ကွမ်းစားဂမုန်း ကို ရှမ်းပြည်နယ် မှ မူဆယ် သို့ တင်ပို့ ရောင်းချလျက် ရှိရာ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ (၂၈-၂-၂ဝ၁၃) ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ် ၁၆/၂ဝ၁၃ အရ ကွမ်းစားဂမုန်း သည် လယ်ယာ ထွက်ကုန် ပစ္စည်း စာရင်းတွင် ပါဝင်ပြီး ပြည်ပသို့ တင်ပို့ ရောင်းချရာတွင် လိုင်စင် ပြုလုပ်ရန် မလိုဘဲ ရောင်းချခွင့်ပြု ခဲ့ကြောင်း ကုန်သွယ်မှု ပြုခြင်းအပေါ် သစ်တောမှ အခွန် ကောက်ခံခြင်း မပြုရန် ထပ်ဆင့် အကြောင်းကြား ထားပြီး ဖြစ်ကြောင်း သိရသည်။

ကွမ်းစားဂမုန်း ကုန်သွယ်ခွင့် နှင့် ပတ်သက်၍ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ''နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေ၊ ခွင့်ပြု ထားတဲ့ သတ်မှတ်ချက် တွေကို ယူနီဖောင်း ဝတ်ဆင်ထားပြီး မသိ နားမလည်တာ မဖြစ်သင့် ပါဘူး။ မသိ နားမလည်တဲ့ ဝန်ထမ်း တစ်ယောက် ကြောင့် ပို့ကုန်လုပ်ငန်း လုပ်ကိုင် နေသူတွေ အခက်အခဲ နှောင့်နှေးမှုတွေ မရှိသင့်ပါဘူး။ အမှန်ဆိုရင် အခု သစ်တောက တားဆီး နေတဲ့ ကွမ်းစားဂမုန်း (ပုံ) ကအရင် သစ်တော စာရင်းမှာ ပါပေမယ့် အခု နိုင်ငံတော်က ပို့ကုန် မြှင့်တင် နိုင်ဖို့ လယ်ယာ ထွက်ကုန်စာရင်း ထဲမှာ ပြောင်းလဲ သတ်မှတ် ပေးထား တာပါ ... '' ဟု ပြောပြ၍ သိရသည်။

အတာ 

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...