Social Icons

Pages

Tuesday, July 15, 2014

အမျိုးသမီး ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေး သင်တန်း အမှတ်စဉ်(၁) ဖွင့်လှစ်


နေပြည်တော် ၊ ၁၅-၇-၂၀၁၄

အမျိုးသမီး ကွန်ပျူတာ ဒီပလိုမာ တပ်ကြပ်ကြီး/ စာရေး သင်တန်း အမှတ်စဉ်(၁) သင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်း တွင် ရန်ကုန်တိုင်း ဒေသကြီး ၊ တပ်မတော် (ကြည်း) ဗိုလ် သင်တန်းကျောင်း (မှော်ဘီ) ပြည်ထောင်စု ခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

အဆိုပါ သင်တန်း ဖွင့်ပွဲသို့ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး ၊ ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် တင်မောင်ဝင်း ၊ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်သိမ်း ၊ တပ်မတော် သူနာပြု နှင့် ဆေးဘက် ပညာ တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဘုန်းမြတ် ၊ တပ်မတော် အရာရှိ ကြီးများ ၊ တပ်နယ် / တပ်ရင်း တပ်ဖွဲ့မှူး များနှင့် သင်တန်းသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး က အမျိုးသမီး ကွန်ပျူတာ ဒီပလိုမာ တပ်ကြပ်ကြီး/ စာရေး သင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့် အမှာစကား ပြောကြား၍ သင်တန်း ဖွင့်လှစ် ပေးပြီး သင်တန်းသူ များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

အဆိုပါ သင်တန်းအား တက္ကသိုလ်ဝင် စာမေးပွဲအောင် အမျိုးသမီး သင်တန်းသား ၁၀၉ ဦးဖြင့် သင်တန်းကာ (၇၇) ပတ် ဖွင့်လှစ် သင်ကြား သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...