Social Icons

Pages

Thursday, July 10, 2014

အကျိုးဆောင်လုပ်ငန်းလိုင်စင် မရှိဘဲ ထိုင်းနိုင်ငံသို့ ပို့ဆောင်ရန် ခေါ်ဆောင်လာသူအား အရေးယူ


အောင်လံ ၊ ၁၀-၇-၂၀၁၄

အောင်လံ မြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ရဲအုပ် ထွန်းထွန်းလင်း နှင့် အဖွဲ့ဝင်များ၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့စိတ် (အောင်လံ) မှ ရဲအုပ် သိန်းနိုင် ဦးဆောင်သော အဖွဲ့တို့ ပူးပေါင်း၍ ဇူလိုင် ၇ ရက် ည ၈ နာရီခွဲက အောင်လံ - ရန်ကုန် ခရီးသည်တင် အာရှအမြန်ယာဉ် ဂိတ်တွင် အောင်လံမြို့နယ် ဗြူကုန်းကျေးရွာနေ ဒေါ်တင်တင်အေး ဦးဆောင်သည့် အမျိုးသမီး ၁၇ ဦး ကို တွေ့ရှိ ခဲ့သဖြင့် မေးမြန်းခဲ့ရာ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ် ကိုင်ရန် ခေါ်ဆောင် လာခြင်း ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိ ခဲ့သည်။

 ဒေါ်တင်တင်အေး ကို ထပ်မံ စစ်ဆေး မေးမြန်းခဲ့ရာ ငယ်စဉ် ကတည်းက သိကျွမ်းသူ ရန်ကုန်မြို့နေ မနီလာက ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ် ကိုင်လိုသူ များရှိလျှင် လူစုပြီး ရန်ကုန်သို့ လာရောက် ပို့ဆောင်ပေးရန် လွန်ခဲ့သည့် နှစ်က ဆက်သွယ် အကြောင်းကြား ခဲ့သဖြင့် အောင်လံ မြို့နယ် ပတ်ဝန်းကျင်ရှိ ကျေးရွာတို့မှ သွားရောက် အလုပ်လုပ်ကိုင် လိုသူများကို စုစည်း ခဲ့ကြောင်း သိရသည်။

ဒေါ်တင်တင်အေး ခေါ်ဆောင် လာသော အမျိုးသမီးများမှာ အောင်လံမြို့နယ် ဗြန်ဒီကျေးရွာ မှ တစ်ဦး၊ ဗြူကုန်းကျေးရွာမှ ၄ ဦး၊ မကျီးဇင်ကျေးရွာမှ ၂ ဦး၊ စွယ်ဒုံးကျေးရွာမှ ၃ ဦး၊ ကျောက်တန်း ကျေးရွာမှ ၄ ဦး၊ လေသာတောင် ကျေးရွာမှ တစ်ဦး၊ မကြီးစမ်း ကျေးရွာမှ တစ်ဦး စုစုပေါင်း အမျိုးသမီး ၁၆ ဦးကို စုဆောင်း၍ ရန်ကုန်သို့ ပို့ဆောင်ရန် ခေါ်ဆောင် လာခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ်တင်တင်အေး တွင် ပြည်ပ အလုပ်အကိုင် ဆိုင်ရာ အကျိုးဆောင် လုပ်ငန်းလိုင်စင် မရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့ သဖြင့် ဒုတိယ ရဲအုပ် မြတ်နောင်စိုး က တရားလို ပြုလုပ် တိုင်တန်းခဲ့ရာ အောင်လံမြို့နယ် မြို့မ ရဲစခန်းမှ (ပ)၇၄/ ၂ဝ၁၄၊ ပြည်ပ အလုပ်အကိုင် ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၆ ဖြင့် အရေးယူ ထားကြောင်း သိရှိရသည်။ 

စောလှနွယ်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...