Social Icons

Pages

Monday, April 28, 2014

ဆိုက်ဘာ တိုက်ခိုက်မှုများ၏ ထိပ်တန်းရင်းမြစ်အဖြစ် တရုတ်ဆက်လက် ရပ်တည်နေ



ပြီးခဲ့သည့် သုံးလပတ်က ဖြစ်ပွားခဲ့သည့် အင်တာနက် တိုက်ခိုက်မှု အားလုံး၏ ထက်ဝက်နီးပါး ခန့်သည် တရုတ်နိုင်ငံတွင် အခြေခံကြောင်း ၊ အချို့သော တိုက်ခိုက်မှုများ ပင်လျှင် တရုတ်နိုင်ငံ တွင် နေထိုင်သူများက ပြုလုပ်ခြင်း ဖြစ်ကြောင်း Cloud ၀န်ဆောင်မှု ကုမ္ပဏီ Akamai က နောက်ဆုံး ထုတ်ပြန်ခဲ့သည့် အင်တာနက် အစီရင်ခံစာ တွင် ဖော်ပြခဲ့သည်။

၂၀၁၃ ခုနှစ် နောက်ဆုံး သုံးလပတ် အတွက် စစ်တမ်း ကောက်ယူချက် အရ တရုတ်နိုင်ငံ မှ မြစ်ဖျားခံသည့် အင်တာနက် တိုက်ခိုက်မှု အားလုံး စုစုပေါင်း အင်တာနက် တိုက်ခိုက်မှု ၏ ၄၃ ရာခိုင်နှုန်း ရှိကြောင်း ၊ ထိုပမာဏ သည် အခြားသော နိုင်ငံများထက် သာလွန်ကြောင်း သိရသည်။

Akamai သည် အင်တာနက် တိုက်ခိုက်မှု ရင်းမြစ်ကို IP address ဖြင့် ခွဲခြား ဖော်ပြခဲ့သည်။ အစီရင်ခံစာ တွင် ဖော်ပြထားသည့် ဥပမာအရ ရုရှားနိုင်ငံ ရှိ ဆိုက်ဘာ ဒုစရိုက်သမား တစ်ဦးသည် တရုတ်နိုင်ငံ ရှိ စနစ်များကို ထိန်းချုပ်ပြီး တိုက်ခိုက်မှုများ ပြုလုပ်နိုင်ကြောင်း သိရသည်။

အခြားသော ဆိုက်ဘာ တိုက်ခိုက်မှု မြစ်ဖျားခံသည့် နိုင်ငံများတွင် အမေရိကန် က ၁၉ ရာခိုင်နှုန်း ၊ ကနေဒါ က ၁၀ ရာခိုင်နှုန်း နှင့် တရုတ် (တိုင်ပေ) က ၃ ဒသမ ၄ ရာခိုင်နှုန်း ဖြင့် အသီးသီး ရပ်တည်လျက် ရှိသည်။ ထို့အပြင် Akamai သည် နိုင်ငံပေါင်း ၁၈၈ နိုင်ငံမှ ဆိုက်ဘာ တိုက်ခိုက်မှု စတင်သည့် IP address များကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်း မှ ပျမ်းမျှ အင်တာနက် မြန်နှုန်းသည်လည်း မြင့်တက် လာခဲ့ပြီး ၂၀၁၃ ခုနှစ် နောက်ဆုံး သုံးလပတ်တွင် 3.8 megabits per second ရှိခဲ့ကြောင်း Akamai က ဖော်ပြခဲ့သည်။ တောင်ကိုရီးယား သည် ပျမ်းမ အင်တာနက် အမြန်နှုန်း အမြန်ဆုံး ရရှိသည့် နိုင်ငံဖြစ်ပြီး အမြန်နှုန်း 21.9 Mbps ရှိကြောင်း ၊ ထို့အပြင် ဟောင်ကောင်သည် အင်တာနက် မြန်နှုန်း အမြင့်ဆုံး ရရှိသည့် နိုင်ငံဖြစ်ပြီး 68 Mbps ရှိကြောင်း နှင့် အမေရိကန် မှာ ပျမ်းမျှ အမြန်နှုန်း 10 Mbps ရှိပြီး မြန်နှုန်း အမြင့်ဆုံး 43.7 Mbps ရှိကြောင်း သိရှိရသည်။

နောင်နောင် ( အင်တာနက် ၁၅/၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...