Social Icons

Pages

Monday, April 28, 2014

အွန်လိုင်းမှ လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း ဒလနှင့် အင်းစိန်မြို့နယ်များ ထပ်တိုး ၂၂ မြို့နယ်ထိ ရှိလာ



ရန်ကုန် ၊ ၂၈-၄-၂၀၁၄

အွန်လိုင်းမှ လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း ဒလ နှင့် အင်းစိန် မြို့နယ်များ ထပ်တိုးထားပြီး လက်ရှိ ၂၂ မြို့နယ်ထိ ရှိလာကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါ ဆောင်ရွက်ချက်ကို ကျောက်တံတား၊ အလုံ၊ လမ်းမတော်၊ သင်္ဃန်းကျွန်း၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ တာမွေ၊ ပုဇွန်တောင်၊ စမ်းချောင်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ လသာ၊ ပန်းဘဲတန်း၊ ဒဂုံ၊ ဗိုလ်တထောင်၊ ရန်ကင်း၊ ဒဂုံ (တောင်)၊ ဒဂုံ (မြောက်)၊ ဗဟန်း၊ ဒလ၊ အင်းစိန် မြို့နယ်များတွင် လျှောက်ထား နိုင်မည် ဖြစ်သည်။ အွန်လိုင်းမှ လျှောက်ထား ရာတွင် အချက်အလက် စုံ၊ မစုံအပေါ် မူတည်၍ ကြာမြင့်နိုင်ပြီး သတ်မှတ် ထောက်ခံချက်၊ အချက်အလက်များ ပြည့်စုံပါက တစ်ပတ် နှစ်ပတ် အတွင်း ရရှိနိုင်ကြောင်း မြို့နယ် စည်ပင်ရုံး တစ်ခုထံမှ မေးမြန်း သိရှိရသည်။ လုပ်ငန်းလိုင်စင် ဆိုင်ရာ ကိစ္စများကို ဝက်ဘ်ဆိုက် လိပ်စာ www.ycdc.gov.mm/ သို့ ဆက်သွယ် လျှောက်ထား နိုင်မည် ဖြစ်သည်။

လုပ်ငန်းလိုင်စင် လျှောက်ရန် အတွက် လုပ်ငန်း တည်နေရာ၊ မြို့နယ်၊ ခရိုင်၊ ရပ်ကွက်အမည်၊ အဆောက်အဦ အမှတ်၊ အခန်းအမှတ်၊ မြေတိုင်း ရပ်ကွက် အမှတ်၊ မြေကွက်အမှတ် စသည်တို့ကို သတ်မှတ် နေရာတွင် ဖြည့်စွက် လျှောက်ထား ရမည်ဖြစ်သည်။ လုပ်ငန်း အမျိုးအစား၊ လုပ်ကိုင်မည့် လုပ်ငန်းအမည် စသည့် လုပ်ငန်း အချက်အလက်များ၊ အခြား အချက်အလက် များကိုလည်း လုပ်ငန်း အချက်အလက်များ နေရာတွင် ဖြည့်စွက် ရမည် ဖြစ်သည်။ လုပ်ငန်းရှင်နှင့် ပတ်သက်သည့် အချက်အလက် များကိုလည်း ဖြည့်စွက်ရမည် ဖြစ်ကြောင်း သိရသည်။ သတ်မှတ် အချက်အလက် များဖြင့် လျှောက်ထားမည့် နေရာတွင် ဖြည့်စွက်ကာ လျှောက်ထား နိုင်မည် ဖြစ်ကြောင်း၊ လိုအပ်သည့် စာရွက်စာတမ်း များကို တွဲပို့ရန် အတွက်လည်း သတ်မှတ် နေရာများ ပေးထားကြောင်း သိရသည်။

လုပ်ငန်းလိုင်စင် အပြင် အခြားလိုင်စင် အချို့ကိုလည်း လျှောက်ထား နိုင်ကြောင်း သိရှိရသည်။

(ထွန်းထွန်း) အင်တာနက် ၁၅/၁၆

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...