Social Icons

Pages

Wednesday, April 30, 2014

ပြင်သစ်ကုမ္ပဏီ ATR နှင့်ပူးပေါင်း၍ လေယာဉ်အကြီးစား ပြင်ဆင်သည့်စက်ရုံ ဖွင့်လှစ်မည်



ရန်ကုန် ၊ ၃၀-၄-၂၀၁၄

ရန်ကုန် လေဆိပ်၌ ATR လေယာဉ် အကြီးစား ပြင်ဆင်သည့် စက်ရုံကို မြန်မာ့လေကြောင်း နှင့် ပြင်သစ်နိုင်ငံ ATR လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီတို့ ပူးပေါင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း မြန်မာ့လေကြောင်း မှ တာဝန်ရှိသူ တစ်ဦး ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ATR လေယာဉ် အကြီးစား ပြင်ဆင်သည့် စက်ရုံကို ၂၀၁၄ ခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်လျက် ရှိပြီး မြန်မာနိုင်ငံ၌ ATR လေယာဉ် အကြီးစား ပြင်ဆင်သည့် စက်ရုံကို လိုအပ်လျက် ရှိကြောင်း ပြည်တွင်းပြည်ပ လေကြောင်းလိုင်း များမှ ATR လေယာဉ်များ၏ လုပ်ငန်း အပ်နှံမှုအပြင် ပြည်ပ နိုင်ငံများမှ ATR လေယာဉ်များ၏ လုပ်ငန်း အပ်နှံမှုများ ကိုပါ လက်ခံ ပြင်ဆင်နိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် ပြင်သစ်နိုင်ငံ ATR လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ မှ တာဝန်ရှီသူ များသည် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ရှိ မြန်မာ့လေကြောင်း လိုင်းမှ အသစ် တည်ဆောက် ထားသည့် လေယာဉ်ရုံကို ATR လေယာဉ် အကြီးစား ပြင်ဆင်သည့် စက်ရုံ တက်ဆောက်ရန် လာရောက် ကြည့်ရှုပြီး ဖြစ်ကြောင်း သိရသည်။

ယခင်က အဆိုပါ လေယာဉ်များကို ပြုပြင် ပြင်ဆင်မှု လုပ်ရသည့် အခါ၌ ထိုင်း ၊ မလေးရှား နှင့် စင်ကာပူ နိုင်ငံတို့ရှိ ATR လေယာဉ်ပြင်ဆင် သည့် စက်ရုံများတွင် သွားရောက် ပြင်ဆင် နေရကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့ လေကြောင်း သည် ATR လေယာဉ်များ အပါအ၀င် စုစုပေါင်း လေယာဉ် ၉ စင်းဖြင့် မြို့ပေါင်း ၂၆ မြို့သို့ ပျံသန်း ပြေးဆွဲလျက် ရှိပြီး ကုန်တင်သီးသန့် လေယာဉ်များ အဖြစ် MA 601 နှင့် F 281 တို့ကို အသုံးပြုလျက် ရှိကြောင်း သိရှိရသည်။

(စိုးမိုး)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...