Social Icons

Pages

Showing posts with label ဟောပြောပွဲများ. Show all posts
Showing posts with label ဟောပြောပွဲများ. Show all posts

Tuesday, June 27, 2017

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကျင်းပ



မြောင် ၂၇-၆-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက် ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်၉နာရီက မြောင်မြို့ အခြေခံပညာ အထက်တန်းကျောင်းရာပြည့်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သန်းက အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး သောင်းငွေက ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေထံမှ ပေးပို့သည့်သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူးက မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ၊ မြို့နယ်ဥပဒေ အရာရှိက မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဥပဒေအကြောင်း သိကောင်းစရာများနှင့် မြို့နယ်ဆရာဝန်ကြီးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါး များအကြောင်း သိကောင်းစရာ များကို ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ပန်းချီပြိုင်ပွဲတွင် ခရိုင်အဆင့်၊မြို့နယ်အဆင့် ဆုရကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးအပ်ပြီး မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်၊ ဓာတ်ပုံနှင့် ပိုစတာများကို တက်ရောက်လာသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

#Yadanarpondaily

Thursday, September 19, 2013

လူကုန်ကူးမှု အကြောင်း နှင့် မြန်မာ အမျိုးသမီးများ၏ တန်ဖိုးထားမှု စံနှုန်းအကြောင်း အသိပညာပေး ဟောပြော


တောင်ကြီး ၊ ၁၉-၉-၂ဝ၁၃

ရှမ်းပြည်နယ် ( တောင်ပိုင်း )  ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ၊ ရွာငံမြို့ ၊ အမှတ်(၁) အခြေခံ ပညာ အထက်တန်း ကျောင်း ခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီက ရှမ်းပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့ က အသိ ပညာပေး ဟောပြောပွဲ ကျင်းပရာ အခမ်းအနား သို့ ရှမ်းပြည်နယ် အမျိုးသမီး ရေးရာ အဖွဲ့နှင့် ရှမ်းပြည်နယ် မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ ဥက္ကဌ ဒေါ်သင်းသင်းနွယ် နှင့် အဖွဲ့ဝင်များ ၊ ကျောင်းအုပ်ကြီး နှင့် ဆရာ ၊ ဆရာမများ ၊ ကျောင်းသူများ တက်ရောက် ကြကြောင်း သိရသည်။

အခမ်းအနား တွင် ရှမ်းပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့ နှင့် မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ ဥက္ကဌ ဒေါ်သင်းသင်းနွယ် က အဖွင့် အမှာစကား ပြောကြားပြီး အမျိုးသမီး ရေးရာ အဖွဲ့ချုပ် အကြောင်း ဟောပြော သည်။ ထို့နောက် ကျောင်းသူများက အဆိုပြုလွှာများ ပေးအပ်ရာ ရှမ်းပြည်နယ် အမျိုးသမီး ရေးရာ အဖွဲ့ ဥက္ကဌ က လက်ခံ ရယူပြီး ရင်ထိုး တံဆိပ်များ ကို လိုက်လံ တပ်ဆင် ပေးကြသည်။ ထို့နောက် ရှမ်းပြည်နယ် မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ အတွင်းရေးမှူး ဒေါ်အေးအေးမာ က ရေကောင်း ရေသန့် အကြောင်းကို ဟောပြောပြီး ရှမ်းပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့ ၊ စီမံရေးရာ ဌာနမှူး ဒေါ်နန်းဗိုခမ်း နှင့် စည်းကမ်း ထိန်းသိမ်းရေး ဌာနမှူး ဒေါ်မြမြစိန် တို့က လူကုန်ကူးမှု အကြောင်းနှင့် မြန်မာ အမျိုးသမီးများ ၏ တန်ဖိုးထားမှု စံနှုန်း အကြောင်း တို့ကို အသိ ပညာပေး ဟောပြောသည်။


ဆက်လက်၍ ကျောင်းသူများ က ဥာဏ်စမ်း မေးခွန်းများကို ဖြေဆိုကြပြီး ရှမ်းပြည်နယ် အမျိုးသမီး ရေးရာ အဖွဲ့က ကျောင်းသုံး ဗလာစာအုပ် များကို ပေးအပ် လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...