Social Icons

Pages

Tuesday, June 27, 2017

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကျင်းပ



မြောင် ၂၇-၆-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက် ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်၉နာရီက မြောင်မြို့ အခြေခံပညာ အထက်တန်းကျောင်းရာပြည့်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သန်းက အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး သောင်းငွေက ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေထံမှ ပေးပို့သည့်သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူးက မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ၊ မြို့နယ်ဥပဒေ အရာရှိက မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဥပဒေအကြောင်း သိကောင်းစရာများနှင့် မြို့နယ်ဆရာဝန်ကြီးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါး များအကြောင်း သိကောင်းစရာ များကို ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ပန်းချီပြိုင်ပွဲတွင် ခရိုင်အဆင့်၊မြို့နယ်အဆင့် ဆုရကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးအပ်ပြီး မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်၊ ဓာတ်ပုံနှင့် ပိုစတာများကို တက်ရောက်လာသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...