Social Icons

Pages

Showing posts with label ရွေးကောက်ပွဲဆိုင်ရာ. Show all posts
Showing posts with label ရွေးကောက်ပွဲဆိုင်ရာ. Show all posts

Friday, October 12, 2018

ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာတို့နှင့်စပ်လျဉ်း၍ ထပ်မံအသိပေးထုတ်ပြန်ကြေညာ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
-
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် 
-
ကြေညာချက်အမှတ်(၁၅၃/၂ဝ၁၈) 
-
၁၃၈ဝ ပြည့်နှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက်၊ (၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်)
ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့်  မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာတို့နှင့်စပ်လျဉ်း၍ ထပ်မံအသိပေးထုတ်ပြန်ကြေညာခြင်း 
-
၁။  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် 
မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆ဝ (၃.၉.၂ဝ၁၈ ရက် နေ့ (၃.၉.၂ဝ၁၈ ရက်နေ့ နံနက် ဝ၆းဝဝ နာရီမှ ၁.၁၁.၂ဝ၁၈ ရက်နေ့ ည ၁၂းဝဝ နာရီ နံနက် ဝ၆းဝဝ နာရီမှ ၁.၁၁.၂ဝ၁၈ ရက်နေ့ ည ၁၂းဝဝ နာရီ
အထိ ) အထိ) ဆောင်ရွက်ကြပါရန် ၂၄.၈.၂ဝ၁၈ ရက်စွဲပါ ကြေညာချက် အမှတ် (၁၂၁/၂ဝ၁၈)ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။
-
၂။ ရွေးကောက်ပွဲတည်ငြိမ်အေးချမ်းအောင်မြင်စွာကျင်းပနိုင်ရေး နှင့် မဲဆန္ဒရှင်ပြည်သူလူထုအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးဦးအား လွတ်လပ်စွာဆန္ဒပြုနိုင်ရန်အလို့ငှာ ၁.၁၁. ၁.၁၁.
၂ဝ၁၈ ရက်နေ့ ည ၁၂းဝဝ နာရီအချိန်မှ ၃.၁၁.၂ဝ၁၈ ရက်နေ့  ၂ဝ၁၈ ရက်နေ့ ည ၁၂းဝဝ နာရီအချိန်မှ ၃.၁၁.၂ဝ၁၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပပြီးသည်အထိ  ရွေးကောက်ပွဲကျင်းပပြီးသည်အထိ ရွေးကောက်ပွဲဆိုင်ရာ စုဝေး
ဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို ရပ်နားထားရမည်ဖြစ်ပါသည်။
-
၃။  မဲဆွယ်စည်းရုံးသည့် ကြော်ငြာ/ပိုစတာများကို မဲဆွယ်စည်းရုံး ခွင့်ပြုထားသည့်နောက်ဆုံးရက် ၁.၁၁.၂ဝ၁၈ ရက်နေ့ ည ၁၂းဝဝ နာရီအချိန်နောက်ဆုံးထား၍ ဖြုတ်သိမ်းပေးရမည်ဖြစ်ပါသည်။ 
သတ်မှတ်အချိန်ထိ မဲဆွယ်စည်းရုံးသည့် ကြော်ငြာ/ပိုစတာများဖြုတ် သိမ်းထားခြင်းမရှိပါက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာမြို့တော်စည်ပင်သာယာရေးကော်မတီ သို့မဟုတ် 
မြို့နယ်စည်ပင်သာယာရေးကော်မတီများနှင့်ညှိနှိုင်း၍ ကြော်ငြာ/ ပိုစတာများအား ဖြုတ်သိမ်းသွားစေမည်ဖြစ်သည်။ ယင်းသို့ကြော်ငြာ/ ပိုစတာဖြုတ်သိမ်းခြင်းလုပ်ငန်းဆောင်ရွက်ရသည့် ကုန်ကျစရိတ်ကျ
သင့်ငွေအား သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်းမှ ပြန်လည် ပေးချေရန်တာဝန်ရှိမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
-
ဥက္ကဋ္ဌ ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, December 4, 2014

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရွေးကောက်ပွဲ အတွက် မြို့နယ်ပေါင်း ၃၂ မြို့နယ်တွင် ပြည်သူ ၄၁၀၀၀၀ ကျော် မဲပေးကြမည်


ရန်ကုန် ၊ ၄-၁၂-၂၀၁၄

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရွေးကောက်ပွဲ အတွက် မြို့နယ်ပေါင်း ၃၂ မြို့နယ်တွင် မဲရုံပေါင်း ၁ဝ၈၆ ရုံဖွင့်လှစ်ကာ ပြည်သူ ၄၁ဝဝဝဝ ကျော် မဲပေးကြမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။

အဆိုပါ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရွေးကောက်ပွဲ များကို ဒီဇင်ဘာ ၂၇ ရက်တွင် ပြုလုပ်မည် ဖြစ်ကာ မဲပေးရန်အတွက် မဲပေးပုံ အဆင့်ဆင့် သရုပ်ပြခြင်းကို နိုဝင်ဘာ ၃ဝ ရက်က မြို့တော်ခန်းမ ၌ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း လည်း သိရသည်။ မဲပေးကြမည့် ပြည်သူများ အနေဖြင့် အဆိုပါ မဲပေးပုံ အဆင့်ဆင့်ကို ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန် အတွက် သရုပ်ပြပွဲ သို့ တက်ရောက် ခဲ့ကြသည့် မြို့တော် ကော်မရှင် အဖွဲ့များ၊ ခရိုင်၊ မြို့နယ် ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ် စိစစ် ရွေးချယ်ရေး အဖွဲ့ဝင်များမှ တစ်ဆင့် သက်ဆိုင်ရာ မြို့နယ် ရပ်ကွက်များ အတွင်း ပြန်လည် ဖြန့်ဝေ ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရသည်။

မဲပေးသူ ပြည်သူ တစ်ဦးသည် ကိုယ်စားလှယ် ခုနစ်ဦးအတွက် မဲပေးရွေးချယ် ရမည်ဖြစ်ပြီး မဲစာရင်း အနိုင်အရှုံးကို ၄၈ နာရီအတွင်း ထုတ်ပြန် ကြေညာ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ နှစ်ပေါင်း ၆ဝ ကျာ်ကြာ မပြုလုပ်ဖြစ်ခဲ့သည့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရွေးကောက်ပွဲ များကို ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် စံနမူနာ အနေဖြင့် ပြုလုပ်သွားမည် ဖြစ်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိမည့် ကိုယ်စားလှယ် များ၏ တာဝန် ထမ်းဆောင်ရမည့် သက်တမ်း သည်လည်း အစိုးရ သက်တမ်းနှင့် အတူတူ ဖြစ်သည့်အတွက် တစ်နှစ်ကျော်သာ တာဝန် ထမ်းဆောင် ရမည်ဟုလည်း သိရသည်။(၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်
Related Posts Plugin for WordPress, Blogger...