Social Icons

Pages

Showing posts with label ကူညီကယ်ဆယ်ရေး. Show all posts
Showing posts with label ကူညီကယ်ဆယ်ရေး. Show all posts

Friday, January 11, 2019

ရေးမြို့နယ် ကုလားကုတ်ကျွန်း ကျေးရွာအုပ်စု အောက်ဆိပ်ကျေးရွာရှိ လေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ၊ ထောက်ပံ့ပစ္စည်းများ ပေးအပ်

ရေးမြို့နယ် ကုလားကုတ်ကျွန်း ကျေးရွာအုပ်စု အောက်ဆိပ်ကျေးရွာရှိ လေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ၊ ထောက်ပံ့ပစ္စည်းများ ပေးအပ်
-
နေပြည်တော် ဇန်နဝါရီ ၁ဝ 
-
မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကုလားကုတ်ကျွန်း ကျေးရွာအုပ်စု အောက်ဆိပ်ကျေးရွာရှိ လူနေအိမ်များနှင့် အခြေခံပညာ အထက်တန်းကျောင်းတို့ အမိုးလန်ပြိုကျ ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည်။ 
-
အဆိုပါကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ 
-
-
ထို့ပြင် နယ်မြေခံတပ်မတော်သားများက လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော အဆောက်အအုံများနှင့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းပေးခြင်း၊ နေအိမ်များ ပြန်လည်ပြုပြင် ဆောင်ရွက်ပေးခြင်းနှင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းမှူးနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် အောက်ဆိပ်ကျောင်းဟောင်း ဆရာတော် ဘဒ္ဒန္တနာဂသိမ်နအား ဖူးမြော်၍ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, January 9, 2019

လေပြင်း တိုက်ခတ်မှုများကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ရေးမြို့နယ်၊ အောက်ဆိပ်ကျေးရွာ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

လေပြင်း တိုက်ခတ်မှုများကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ရေးမြို့နယ်၊ အောက်ဆိပ်ကျေးရွာ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ  ၈
-
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ယနေ့နံနက် ၇ နာရီ မိနစ် ၄ဝ ခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကုလားကုတ်ကျွန်း ကျေးရွာအုပ်စု၊ အောက်ဆိပ်ကျေးရွာရှိ  လူနေအိမ်၂၁ဝ လုံးနှင့် အခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်းတို့ အမိုးလန်ခြင်းနှင့် ပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည်။
-
အဆိုပါ လေပြင်းတိုက်ခတ်မှုဖြစ်ပွားရာ နေရာသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက သွားရောက်၍ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ နေအိမ်များ ပြန်လည်ပြုပြင်ပေးခြင်း စသည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်း ရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, October 15, 2018

စစ်ကိုင်းမြို့နယ်၊ ကျောက်တာကျေးရွာ၌ လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးမှုများအား နယ်မြေခံ တပ်မတော်သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းမြို့နယ်၊ ကျောက်တာကျေးရွာ၌ လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးမှုများအား နယ်မြေခံ တပ်မတော်သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် အောက်တိုဘာ ၁၄
-
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကျောက်တာကျေးရွာ၌ အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် ရုတ်တရက်လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းနှင့်  လူနေအိမ်များ အမိုးလန်ပျက်စီးခြင်းနှင့် သစ်ပင်သစ်ကိုင်းများ  ကျိုးကျပျက်စီးခြင်းများ  ဖြစ်ပေါ်ခဲ့သည်။
-

-
အဆိုပါလေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများသို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ စစ်ကိုင်းတပ်နယ်မှ တပ်မတော်သားများက သွားရောက်၍ ပျက်စီးမှုများအား ရှင်းလင်း ဖယ်ရှားပေးခြင်း၊လဲကျနေသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းပေးခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...