Social Icons

Pages

Monday, February 11, 2019

မီးအလုံး ပေါင်းသန်း ၁ဝဝ ဖြင့် ပုံဖော်သည့် မီးအလှပွဲတော် ကျင်းပ

မီးအလုံး ပေါင်းသန်း ၁ဝဝ ဖြင့် ပုံဖော်သည့် မီးအလှပွဲတော် ကျင်းပ
-
ဟင်္သာတ  ဖေဖော်ဝါရီ  ၁ဝ 
-
ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့ရှိ ဟင်္သာရင်ခွင် ခေတ်မီအားကစားကွင်း၌ မီးအလုံးပေါင်းသန်း ၁ဝဝ ဖြင့် ဖန်တီးပုံဖော်ထားသည့် မီးအလှပွဲတော်ကို ယမန်နေ့ ည ၆ နာရီကစတင်ဖွင့်လှစ်ပြသထားသည်။ အများပြည်သူ အပန်းဖြေ လေ့လာနိုင်သကဲ့သို့ မိတ်ဆွေ၊ အပေါင်းအသင်း၊ ချစ်ခင်သူများအတွက် အမှတ်တရ အလှ ဓာတ်ပုံများရိုက်ကူးနိုင်ရန် စီစဉ်ထားရှိပြီး LED မီးအလှရောင်စုံ များဖြင့် အနုပညာမြောက်စွာဖန်တီးပုံဖော်ထား သည့် အလှအပများကို ကြည့်ရှုခံစား နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပထမဆုံး အကြိမ် ပြုလုပ်သည့် ပွဲတော်ဖြစ်ကြောင်း အားကစားကွင်း တည်ထောင်သူ ဦးစိုးအောင်က ပြောသည်။ 
-
အဆိုပါ LED  မီးအလှ ပွဲတော်တွင် ဂီတဖျော်ဖြေပွဲ၊ နိုင်ငံကျော် အဆိုတော်များ၏ ဖျော်ဖြေတင်ဆက်မှု၊ အငြိမ့်သဘင် တင်ဆက်မှုများအပြင် နိုင်ငံတကာ အစားအသောက်များ ရောင်းချသည့် ညဈေးပွဲတော်များပါဝင်ပြီး ပွဲတော်ဝင်ကြေးအဖြစ် လူကြီး ငွေကျပ် ၂ဝဝဝ၊ ကလေး ငွေကျပ် ၁ဝဝဝနှင့် ရဟန်းသံဃာ၊ သီလရှင်များနှင့် မသန်စွမ်းသူများကို အခမဲ့ ကြည့်ရှု ခွင့်ပေးထားပြီး ပွဲတော်ကာလမှာ  ဖေဖော်ဝါရီ ၂၈ ရက်အထိဖြစ်ကြောင်းသိရသည်။                
-
ကျော်ကျော် (ဟင်္သာတ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...