Social Icons

Pages

Wednesday, February 20, 2019

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ရှိ ရှင်ကိုးရှင် သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင် စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူခြင်းနှင့် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ပွဲပြုလုပ်

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ရှိ ရှင်ကိုးရှင် သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင် စေတီတော်မြတ်ကြီး  ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူခြင်းနှင့် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ပွဲပြုလုပ်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၉
-
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ရှိ ရှင်ကိုးရှင်သမိုင်းဝင် ဆုတောင်းပြည့်ဆံတော်ရှင် စေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူခြင်းနှင့်လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်၌ ပြုလုပ်ရာ ရေဖြူမြို့နယ် သံဃနာယကဥက္ကဋ္ဌ သာသနနုဂ္ဂဟဓမ္မာစရိယ သာသနဟိတကာရီ ဓမ္မာစရိယမွန်ကျောင်းဆရာတော် ဒေါက်တာအရှင်ပညာသီရိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မွန်ကျောင်းဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး  သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များနာယူကြသည်။ ထို့နောက်တိုင်းမှူးနှင့် အလှူရှင်များက သံဃာတော်များထံရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ဌာပနာတော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
-
ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်နှင့် ဌာပနာတော်များကို စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည် ပူဇော်ကြပြီး မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ပင့်ဆောင်တင်လှူတော်မူကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...