Social Icons

Pages

Monday, February 18, 2019

မုန့်လုပ်ငန်းများနှင့် စတိုးဆိုင်များကို ရှောင်တခင် စစ်ဆေး

မုန့်လုပ်ငန်းများနှင့် စတိုးဆိုင်များကို ရှောင်တခင် စစ်ဆေး
-
ကျိုင်းတုံ  ဖေဖော်ဝါရီ   ၁၇ 
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ထုတ်လုပ်ဖြန့်ချိနေသည့် မုန့်လုပ်ငန်းများနှင့် စားသောက်ကုန်များ  ရောင်းချနေသည့် စတိုးဆိုင်များကို ယမန်နေ့ကကျိုင်းတုံခရိုင် စားသုံးသူရေးရာ ဦးစီးဌာနကစားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေး ရှောင်တခင် စစ်ဆေးခဲ့ကြောင်းသိရသည်။ 
-
ထိုသို့ရှောင်တခင်စစ်ဆေးဆောင်ရွက်ရာတွင် ကျိုင်းတုံခရိုင် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးဦးသန်းစိုးနှင့် ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကျိုင်းတုံမြို့ပေါ်ရှိ ကိတ်မုန့်၊ ပေါင်မုန့် ထုတ်လုပ်သည့်လုပ်ငန်းနှစ်ခုနှင့် စတိုးဆိုင်ငါးဆိုင်တို့ကို  ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။ စားသုံးသူရေးရာ ဦးစီးဌာနမှ ဒေသအတွင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဝင် ထုတ်လုပ်ရောင်းချနိုင်ရန် ထောက်ခံချက်များ ရရှိရေး ကူညီပံ့ပိုးမှုများ ဆောင်ရွက်နေပြီး /စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေး အတွက်အဆိုပါ လုပ်ငန်းများကို သက်ဆိုင်ရာဌာန၏ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုရှိ၊မရှိကိုရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...