Social Icons

Pages

Monday, February 18, 2019

တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်၏ မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲပြုလုပ်

တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်၏ မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲပြုလုပ်
-
နေပြည်တော် ဖေဖော်ဝါရီ ၁၇ 
-
တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်၏ (၂ဝ)ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ ပြုလုပ်ရာတပ်နယ်မှတပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊  မိသားစုများ၊  ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများ  တက်ရောက်ကြသည်။ 
-
-
ဦးစွာ ထမနဲထိုးပြိုင်ပွဲဝင် အသင်းများ၏ ယှဉ်ပြိုင်နေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးသည်။ ထို့နောက် ဆုရရှိသည့် အသင်းများအား ဆုများ အသီးသီး ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...