Social Icons

Pages

Wednesday, February 13, 2019

(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဟားခါးမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဟားခါးမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
-
ဟားခါး  ဖေဖော်ဝါရီ  ၁၂ 
-
ယခုနှစ်(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖေဖော်ဝါရီ ၂ဝ ရက်တွင် ဟားခါးမြို့ ဦးဝမ္မသူးမောင် အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ 
-
ချင်းတိုင်းရင်းသား တို့၏ အမျိုးသား လက္ခဏာ တစ်ရပ်အဖြစ် ကျင်းပမည့် ချင်းအမျိုးသား နေ့တွင် ရှေးအစဉ်အဆက် နေထိုင်လာခဲ့ကြသောချင်းလူမျိုးတို့၏ အဆင့်ဆင့် ပြောင်းလဲလာခဲ့သည့် လူနေမှုဘဝ၊ရိုးရာဝတ်စား ဆင်ယင်မှုများကို ပြည်နယ်ဝန်ကြီးဌာန ဆိုင်ရာ အသီးသီးက ပြခန်းများ ပြုလုပ်၍ ခင်းကျင်းပြသခြင်း၊ ရိုးရာအသုံးအဆောင် ပစ္စည်းများ ပြသခြင်း၊ ရိုးရာဓလေ့ဖြစ်သော ခွမ်ကြွဲပွဲနှင့် အထွတ်အမြတ်ဘွေ့တိုင်စိုက်ထူပွဲ အပါအဝင် ချင်းတိုင်းရင်းသား မျိုးနွယ်စုများ၏ မတူညီသော ရိုးရာယဉ်ကျေးမှု အကပဒေသာများ၊ ရိုးရာတေး သရုပ်ဖော်အကနှင့် ညပိုင်းတွင် စင်တင်တေးဂီတ အဖွဲ့နှင့်အတူ ချင်းတိုင်းရင်းသားအဆိုတော် နီလဲန်ပါရ်မွေး၊ အာထန်းနှင့်ဟားခါးမြို့မှ တေးသံရှင်များမှ ခေတ်ပေါ် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်မှုများ၊ ရိုးရာစားသောက်ဆိုင်များ၊ ရိုးရာအဝတ်အထည်နှင့် ဈေးအရောင်းဆိုင်များ၊ ရိုးရာနပန်းပြိုင်ပွဲနှင့် အခြားအားကစားပြိုင်ပွဲ စသည့် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်း စီစဉ်ထားကြောင်း သိရသည်။ 
-
ထယ်လ်ဏ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...