Social Icons

Pages

Tuesday, January 8, 2019

မိုင်းကိုင်မြို့နယ် အတွင်း ငွေကျပ်သိန်းပေါင်း ၁ဝဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

မိုင်းကိုင်မြို့နယ် အတွင်း ငွေကျပ်သိန်းပေါင်း ၁ဝဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ
-
နေပြည်တော်  ဇန်နဝါရီ  ၇ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် မိုင်းကိုင်မြို့၏ မြောက်ဘက် မိုင် ၂ဝ ခန့်အကွာရှိ ပန်ကေတုရွာ လမ်းဆုံ၌ မောင်းနှင်လာသည့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တစ်စီးအား စစ်ဆေးရန် ရပ်တန့်စေရာ ဆိုင်ကယ်မောင်းနှင်သူမှာ မော် တော်ဆိုင်ကယ်အား ရပ်တန့်၍ ထွက်ပြေးသွားခဲ့သည်။
-
အဆိုပါမော်တော်ဆိုင်ကယ်အား သွားရောက်စစ်ဆေးရာ ဆိုင်ကယ်ပေါ်တွင် တင် ဆောင်ထားသည့်  ဂျပ်ဖာနှစ်ဖာအတွင်းမှ ဘိန်းဖြူမှုန့် ၃၉ ဒသမ ၄၄ ကီလိုဂရမ်ခန့်နှင့် ဘိန်းမည်း ၃ဝ ဒသမ ၇၇ ကီလိုဂရမ်ခန့် (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၁ဝဝဝဝ ကျော်)ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။ သိမ်းဆည်းရမိ မော်တော်ဆိုင်ကယ်နှင့် မူးယစ်ဆေးဝါးများအား လွိုင်လင်မြို့နယ်မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။          
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...