Social Icons

Pages

Thursday, January 10, 2019

ရန်ကုန်မြို့တွင် တရုတ်နှစ်သစ်ကူး ပွဲတော်ကျင်းပရန် မီးပုံးများ ကြိုတင် မှာယူမှုရှိနေ

ရန်ကုန်မြို့တွင် တရုတ်နှစ်သစ်ကူး ပွဲတော်ကျင်းပရန် မီးပုံးများ ကြိုတင် မှာယူမှုရှိနေ
-
ရန်ကုန်  ဇန်နဝါရီ   ၉ 
-
ရန်ကုန်မြို့၌ တရုတ်နှစ်သစ်ကူး ပွဲတော်ကို ယခင်နှစ်များအတိုင်း ကျင်းပရန်  စီစဉ်လျက်ရှိရာ ယင်းပွဲတော်ကာလတွင် ချိတ်ဆွဲမည့်  မီးပုံးများကို တရုတ်နိုင်ငံမှ  မှာယူပြီး   ရန်ပုံငွေစုဆောင်းမှုများဖြင့်လုပ်ဆောင်လျက် ရှိကြောင်း မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ် ဥက္ကဋ္ဌ ဦးမြင့်ရွှေထံမှ သိရသည်။ 
-
''မနှစ်ကလိုပဲ မဟာဗန္ဓုလလမ်းတစ်လျှောက် လမ်းမတော်ကနေ ပန်းဘဲတန်းအထိ လမ်းတစ်လျှောက်မှာ အလှဆင်တဲ့  မီးပုံးတွေချိတ်ဆွဲမယ်။အဲဒီအတွက်လည်း လိုအပ်တဲ့ခွင့်ပြုချက်တွေ တောင်းခံထားသလို မီးပုံးတွေကို တရုတ်နိုင်ငံကနေ မှာယူနေတာတွေလည်းရှိပါတယ်။ ဒီနှစ်ဒီဇိုင်းအနေနဲ့ကလည်း  အရင်နှစ်ထက်  ပိုမိုကောင်းမွန်တဲ့ အနေအထားမျိုးဖြစ်အောင် စီစဉ်ထားတယ်။ ကုန်ကျစရိတ်အတွက် အသင်းကနေ အလှူငွေတွေ ကောက်ခံရင်းနဲ့  ရန်ပုံငွေ စုဆောင်းတာတွေကိုလည်း လုပ်ဆောင်နေပါတယ်'' ဟု ဦးမြင့်ရွှေကပြောသည်။ 
-
အဆိုပါအလှဆင်မီးပုံးများကို  လမ်းမတော် ဘုန်းကြီးလမ်းနှင့် မဟာဗန္ဓုလ လမ်းဆုံ မီးပွိုင့်ထိပ်မှ မဟာဗန္ဓုလလမ်းနှင့် ရွှေတိဂုံဘုရားလမ်း လမ်းဆုံမီးပွိုင့်အထိ မဟာဗန္ဓုလလမ်းတစ်လျှောက်ချိတ်ဆွဲအလှဆင်ရန် စီစဉ်ထားခြင်းဖြစ် သည်။ ထို့ပြင်  အဆိုပါ နှစ်သစ်ကူးပွဲတော်တွင်    နှစ်ကာလနှင့် သက်ဆိုင်သည့်  အထိမ်းအမှတ် သင်္ကေတ အမှတ်အသားများဖြင့် အလှဆင်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။ 
-
အဆိုပါနှစ်သစ်ကူး အထိမ်းအမှတ် ပွဲတော်ကို   မြန်မာနိုင်ငံ  တရုတ်ကုန်သည်ကြီးများ အသင်းချုပ်နှင့်အတူ ကွမ်းတုံမျိုးနွယ် လုပ်ငန်းရှင်များ အသင်းချုပ်၊  ဖူးချန့်မျိုးနွယ်အသင်းချုပ်၊ ယူနန်လူမှုကူညီရေး အသင်းနှင့် ဖူးချန့်ပြည်နယ် အသင်းများ ပူးပေါင်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...