Social Icons

Pages

Thursday, January 10, 2019

လယ်ယာသုံး စက်ကိရိယာ ပြုပြင်ထိန်းသိမ်းနည်း သင်တန်း ဖွင့်လှစ်

လယ်ယာသုံး စက်ကိရိယာ ပြုပြင်ထိန်းသိမ်းနည်း သင်တန်း ဖွင့်လှစ်
-
ပြည်  ဇန်နဝါရီ  ၉ 
-
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေ တိုးပွားရရှိစေရန် ရည်ရွယ်ချက်ဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လယ်ယာသုံးစက်ကိရိယာ ပြုပြင်ထိန်းသိမ်းနည်း သင်တန်း အမှတ်စဉ်(၇/၂ဝ၁၉)ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက ပြည်မြို့ အမှတ်(၃ဝ) စက်မှုလယ်ယာ ထွန်စက်စခန်း၌ ကျင်းပသည်။ 
-
အခမ်းအနားတွင် ပြည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြား ပြီး ပြည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုး က သင်တန်းတက်ရောက်မည့် သင်တန်းသားများအား သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ကြရန်နှင့် ပြုပြင်ထိန်းသိမ်းနည်းများကို တတ်မြောက်အောင် ကြိုးပမ်းကြရန်တိုက်တွန်း ပြောကြားခဲ့သည်။ 
-
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စက်မှုလယ်ယာ ဦးစီးဌာနမှ သင်တန်းနည်းပြဆရာများ၊ ကျေးရွာများမှ ရပ်မိ/ရပ်ဖ များ တက်ရောက်ကြပြီး သင်တန်းသို့ သင်တန်းသား ၂ဝ ဦး တက်ရောက်မည် ဖြစ်ကာ သင်တန်းကာလမှာ ရက် ၂ဝ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...