Social Icons

Pages

Tuesday, January 15, 2019

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် ဂျပန်နိုင်ငံတို့အကြား ဆက်ဆံမှုတိုးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် ဂျပန်နိုင်ငံတို့အကြား ဆက်ဆံမှုတိုးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး
-
နေပြည်တော် ဇန်နဝါရီ ၁၄ 
-
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်သည် Japan Federation of Bar Associations (JFBA)မှ ဥက္ကဋ္ဌ Mr.Ikeuchi Masatoshi နှင့် ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ JICA Judicial and Legal Project မှ အကြံပေးအရာရှိချုပ် Mr. Nose Kazunori နှင့်အဖွဲ့တို့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။ 
-
တွေ့ဆုံစဉ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များ၊ ခုံရုံးက ဆုံးဖြတ်ခဲ့သည့် တင်သွင်းလွှာများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးနှင့် ဂျပန်နိုင်ငံတို့အကြား ဆက်ဆံမှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဥပဒေရေးရာ ကိစ္စရပ်များ၊ ရှေ့နေရှေ့ရပ်များ၏ အခန်းကဏ္ဍများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ JFBA က မြန်မာနိုင်ငံ ရှေ့နေအဖွဲ့ အစည်းများအား ဥပဒေပညာပြန့်ပွားရေးအတွက် အကူအညီပေးမည့် ကိစ္စရပ်များ၊ ခုံရုံးဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ 
-
တွေ့ဆုံပွဲသို့ ခုံရုံးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမြင့်ဝင်း၊ ဦးတွာလ်ကျင်ပေါင်၊ ဒေါ်လှမျိုးနွယ်၊ ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...