Social Icons

Pages

Thursday, January 3, 2019

ငှက်ကြည့်ခြင်းနှင့် ပတ်သက်သည့် ကျေးရွာလူထုအခြေပြု ခရီးသွား လုပ်ငန်းသို့ ယခုနှစ် ပွင့်လင်းရာသီအစ၌ နိုင်ငံခြားခရီးသွား ဧည့်သည်များ လာရောက်ကြည့်ရှု

ငှက်ကြည့်ခြင်းနှင့် ပတ်သက်သည့်  ကျေးရွာလူထုအခြေပြု ခရီးသွား လုပ်ငန်းသို့  ယခုနှစ် ပွင့်လင်းရာသီအစ၌ နိုင်ငံခြားခရီးသွား ဧည့်သည်များ လာရောက်ကြည့်ရှု
-
ဝါးခယ်မ    ဇန်နဝါရီ   ၂ 
-
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကျုံကပြင်ရွာ၌    ငှက်နှင့်ပတ်သက်သည့် ပထမဆုံး ကျေးရွာလူထု အခြေပြုခရီးသွားလုပ်ငန်း (CBT) သို့ ယခုပွင့်လင်းရာသီ အစ၌ နိုင်ငံခြားခရီးသွား ဧည့်သည်များ အဖွဲ့ခုနစ်ဖွဲ့ခန့် လာရောက်ကြည့်ရှုပြီးဖြစ်ကြောင်း   သား ငှက်ထိန်းသိမ်းရေး အဖွဲ့  (မြန်မာနိုင်ငံအစီ အစဉ်) မှ ငှက်ပညာရှင် ဦးသက်ဇော်နိုင်ထံမှ သိရသည်။ ''ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့ နယ် ရွှေလောင်းမြို့နားမှာရှိတဲ့ကျုံကပြင် ရွာအပိုင်းမှာ ငှက်နဲ့ပတ်သက်တဲ့ ကျေးရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်းကို ဒေသခံတွေနဲ့ ပူးပေါင်းဖွင့်လှစ်ထားပါတယ်။ဒီနှစ် ပွင့်လင်းရာသီအစမှာ   နိုင်ငံခြားခရီးသွားဧည့်သည် ခုနစ်ဖွဲ့လောက်တော့လာရောက် ကြည့်ရှုကြတယ်''  ဟု  ဦးသက်ဇော်နိုင်က ပြောသည်။
-
ဒေသခံများအနေဖြင့် ဧည့်သည်များကို CBT သို့လိုက်ပို့ကာ  ငှက်များပြသခြင်း အပြင်  နေ့လယ်စာများကိုပါ  စီစဉ်ပေးခြင်းဖြစ်ကြောင်း၊ ထို့ပြင် ထမင်းချက်အဖွဲ့၊ ဧည့်သည်လိုက်ပြသည့် အဖွဲ့ဟူ၍   ခွဲခြားထားပြီး ဒေသခံများ အနေဖြင့်  ဧည့်သည်လာပါက  အလှည့်ကျစနစ်ဖြင့် လိုက်ပို့ရကြောင်း သိရသည်။ CBT  သို့  ငှက်ကြည့်ရန်  လာရောက် လည်ပတ်ကြသော ခရီးသွားဧည့်သည်များတွင် ပြည်တွင်းထက် ပြည်ပက ပိုများကြောင်း၊ လက်ရှိတွင် အဆိုပါကျေးရွာလူထုခရီးသွား လုပ်ငန်းကို ဖော်ဆောင်ပြီးဖြစ်သော်လည်း တရားဝင် အနေဖြင့်  အစိုးရထံ တင်ပြမည် ဖြစ်ကြောင်း သိရသည်။
-
သားငှက်ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) အနေဖြင့် သွားရောက်ပြီး Conservation လုပ်သည့်နေရာများတွင် ဒေသခံ များအား   ဝင်ငွေတိုးစေချင်သည့်အတွက် CBT များဖော်ဆောင်ပေးရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ကျေးရွာလူထုအခြေပြုခရီး သွားလုပ်ငန်းများကို ဒေသခံများနှင့် ပူးပေါင်း၍ ဆောင်ရွက်ထားခြင်းဖြစ်ပြီး နိုင်ငံခြားခရီးသွား ဧည့်သည်များ အဓိကလာရောက်ကြည့်ရှု သည့်ငှက်မှာကိုင်းစွေ့ငှက်များဖြစ်ကြောင်း၊ ယင်းအပြင် စာဝါကျားငှက်ကိုလည်း ကြည့်ရှု သူများပြားပြီး အဆိုပါငှက်ကောင်ရေ ၁ဝဝ ကျော်ရှိကာ တစ်ကမ္ဘာလုံး၌ ကောင်ရေ ၅ဝဝ ခန့်သာရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...