Social Icons

Pages

Wednesday, January 30, 2019

တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် နေပြည်တော်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အားကစားသမား များအား ဂုဏ်ပြု

တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် နေပြည်တော်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အားကစားသမား များအား ဂုဏ်ပြု
-
နေပြည်တော် ဇန်နဝါရီ ၂၉ 
-
၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် နေပြည်တော်တိုင်း စစ်ဌာနချုပ်ကိုယ်စားပြုအားကစားသမားများအား ဂုဏ်ပြုဆုပေးပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ငြိမ်းအေးခန်းမ၌ ပြုလုပ်သည်။ 
-
အဆိုပါ ဂုဏ်ပြုဆုပေးပွဲသို့ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် အရာရှိ၊ စစ်သည်များ၊ နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြပြီး တိုင်းမှူးကဂုဏ်ပြုအမှာစကား ပြောကြားကာ အားကစား အမျိုးအစားအလိုက် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် နေပြည်တော်တိုင်း စစ်ဌာနချုပ်ကိုယ်စားပြုအားကစားသမားများအား ဂုဏ်ပြုဆု ရရှိကြသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။ 
-
ထို့နောက် အားကစားသမား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး တိုင်းမှူးနှင့် အဖွဲ့ဝင်များက အားကစား သမားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...