Social Icons

Pages

Monday, January 7, 2019

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ်(၁/၂ဝ၁၉)

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ်(၁/၂ဝ၁၉)
-
၁။ ရခိုင်ပြည်နယ်၊   ဘူးသီးတောင်မြို့နယ်ရှိ  ရဲကင်းစခန်း  ၄  ခုအား  ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်း တွင် AA သောင်းကျန်းသူအဖွဲ့က အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း  တစ်ပြိုင်တည်းဝင်ရောက် တိုက်ခိုက်မှု ကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးခဲ့ပြီး ၉ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် ဒေသခံပြည်သူများ အသက်အိုးအိမ် ထိခိုက်ပျက်စီး ဆုံးရှုံးမှု၊ အိမ်မွေးတိရစ္ဆာန်များ သေဆုံးမှုများရှိခဲ့ကြောင်းသတင်းများအရ သိရှိရပါသည်။
၂။ နိုင်ငံတော်အစိုးရသည် ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ အလေးထား ဆောင်ရွက်လျက်ရှိနေချိန်တွင် ယခုကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှုလုပ်ရပ်များကြောင့်အခြေအနေများကို ပိုမို ရှုပ်ထွေးစေပြီး တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ဆုံးရှုံးစေ ကာ ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို ထိခိုက်စေနိုင်သည့်အပြင်နိုင်ငံတော်အစိုးရကဖော်ဆောင်နေသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုလည်း များစွာ ထိခိုက်မှုဖြစ်စေနိုင်ပါသည်။
၃။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ယခုကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်များကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
-
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ရက်စွဲ၊ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...