Social Icons

Pages

Tuesday, January 15, 2019

အ.ထ.က (၁) မင်္ဂလာဒုံ၌ မြတ်ဆရာ ပူဇော်ပွဲ ကျင်းပ

အ.ထ.က (၁) မင်္ဂလာဒုံ၌ မြတ်ဆရာ ပူဇော်ပွဲ ကျင်းပ
-
ရန်ကုန် ဇန်နဝါရီ ၁၄ 
-
ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ၁၉၈ဝ ပြည့်နှစ်မှ ၂ဝ၁၆ ခုနှစ်အထိ ပညာသင်ကြားခဲ့သော ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၁၃) ကြိမ်မြောက် မြတ်ဆရာ ပူဇော်ပွဲကို ယမန်နေ့က အဆိုပါ ကျောင်းရှိ မြဧရာခန်းမ၌ ကျင်းပသည်။ 
-
အခမ်းအနား၌ ကွယ်လွန်သွားပြီ ဖြစ်သော ဆရာကြီး၊ ဆရာမကြီးများကို အမှူးထား၍ သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းပြီး အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း (မင်္ဂလာဒုံ) ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ 
-
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ကြပြီး ဆရာကြီး၊ ဆရာမကြီးများ ကိုယ်စားဆရာ ဦးကျော်မြင့်၊ ဆရာ ဦးအောင်လွင်မြင့်၊ဆရာမ ဒေါ်တင်တင်အေးတို့ကဆုံးမသြဝါဒစကားများ ပြောကြားကာ ဂါရဝ ပစ္စည်းများ ပေးအပ်ပြီးနောက် အထူးအစီအစဉ်အဖြစ် အသက် ၇ဝ နှင့်အထက် ဆရာကြီး၊ ဆရာမကြီးများအား ဘုရားဖူး ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။ 
-
ကျော်ဝင်း(ဓူဝံ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...