Social Icons

Pages

Tuesday, January 15, 2019

ပညာရေးစုံညီ ပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲ ကျင်းပ

ပညာရေးစုံညီ ပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲ ကျင်းပ
-
သရက်ချောင်း  ဇန်နဝါရီ  ၁၄ 
-
တနင်္သာရီတိုင်းဒေသကြီး  သရက်ချောင်း မြို့နယ်  ကျောက်မြောင်းရပ်ကွက် အမှတ်(၁)  အခြေခံပညာမူလတန်း ကျောင်း ဝင်းအတွင်း  ယာယီမဏ္ဍပ်၌ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေး ပွဲအခမ်းအနားကို  ယမန်နေ့ည ၇ နာရီက ကျင်းပသည်။ 
-
ရှေးဦးစွာ အခမ်းအနားကို ကျောက်မြောင်း ရပ်ကွက် အမှတ်(၁)အခြေခံပညာ မူလတန်းကျောင်းသား၊ ကျောင်းသူ များ က သုခုမလက်ရာ သီချင်းဖြင့်ဖွင့်လှစ်ပေးပြီး  မြို့နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးတင်ယု၊ မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူး သိန်းထိုက်နှင့် မြို့နယ် ဒုတိယ ပညာရေးမှူး ဦးခင်မောင်စိုးတို့က အမှာစကား အသီးသီး ပြောကြားကြသည်။ 
-
ဆက်လက်၍   အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမင်းသူက ပညာရေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ ကျောင်း၏လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ကျောင်းသား၊  ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်ကြောင့် ပညာရေးမထိခိုက်စေရန်အတွက် တာဝန်ရှိ သူများ အနေဖြင့် ဆောင်ရွက်ပေးရမည့် အချက်များကို ဖြည့်စွက်ပြောကြားသည်။ 
-
ထို့နောက်၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင်  မူကြိုကလေးငယ်များအား အတန်းပြီးမြောက် ကြောင်းလက်မှတ်များ၊  အတန်းလိုက် ထူးချွန် ဆုနှင့် အားကစားထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုလက်မှတ်များ နှင့် ဆုတံဆိပ်အသီးသီးကို တာဝန်ရှိသူများက ပေးအပ်သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်ကပြကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...