-
မြိတ် ဒီဇင်ဘာ ၁၉
-
တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ ကျွဲကူးတောရ ဆရာတော်ကြီး ဘဒ္ဒန္တ နန္ဒောဘာသက ကြီးမှူး၍ စေတနာရှင် အလှူရှင်များ စုပေါင်းဆောက်လုပ် လှူဒါန်းသည့် ငွေကျပ် ၅ဝ၄၂ သိန်းကျော်တန်ဖိုးရှိ စာသင်ခန်း ၁၈ ခန်းပါ နှစ်ထပ် ဒေါန ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြိတ်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ အဆိုပါ ကျောင်းဆောင်သစ် ရှေ့၌ ကျင်းပသည်။
-
ဖွင့်ပွဲတွင် ကျွဲကူးတောရဆရာတော် ဘဒ္ဒန္တနန္ဒောဘာသ၊ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဒုတိယ ပညာရေးမှူးနှင့် တာဝန်ရှိသူတို့က ကျောင်းဆောင် သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ကျောင်းဆောင် သစ် ဆောက်လုပ် လှူဒါန်းခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို မြန်မာ့ ရှေ့ဆောင်ဘဏ်(မြိတ်)မှ မန်နေးဂျင်း ဒါရိုက်တာက ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်သည်။
-
ဆက်လက်၍ အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်း လွှာများပြန်လည်ပေးအပ်၍ ကျောင်းဆောင်သစ် ကမ္ပည်း မော်ကွန်းနှင့် ကျောင်းဆောင်သစ် ပရိဝုဏ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းကာ တက်ရောက် လာကြသူများ က ကျောင်းဆောင်သစ်ကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
-
ဇော်မျိုးနိုင်
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment