Social Icons

Pages

Thursday, December 6, 2018

အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်
-
နေပြည်တော် ဒီဇင်ဘာ ၅
-
အနောက်တောင်တိုင်း စစ်ဌာနချုပ်၏၂ဝ၁၈ ခုနှစ် တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်တင်စိုးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားအသင်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
-
ဦးစွာ ဒုတိယတိုင်းမှူးနှင့် တက်ရောက် လာကြသူများက ပြိုင်ပွဲဝင် အသင်းများ၏ ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ အသင်းလိုက် ဆုရရှိသူများ၊ တစ်ဦး ချင်းဆု ရရှိသူများနှင့် ဒိုင်းဆုရရှိသော အသင်းတို့အား ဒုတိယ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-


#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...