Social Icons

Pages

Monday, December 24, 2018

ကေတုမတီမြို့သစ်ရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ကေတုမတီမြို့သစ်ရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်   ဒီဇင်ဘာ  ၂၃  
-
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ ဒေသခံပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများအား ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် အဆိုပါကေတုမတီ မြို့သစ်ရှိအခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင် ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူနှင့် ဒေသခံပြည်သူ ၂၆ဝ ဦးတို့ကို  မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊  အစာအိမ်ရောဂါ၊  သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အရေပြား ရောဂါ၊ ဖျားနာရောဂါ၊ အထွေထွေရောဂါတို့ နှင့် ပတ်သက်၍လိုအပ်သည့်ဆေးဝါးကုသမှုများ နှင့် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ပေးခြင်း၊  ECG စက်ဖြင့် နှလုံးခုန်နှုန်းစစ်ဆေးပေးခြင်း စသည့်ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ  ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သော ဒေသခံပြည်သူ ၁၇ ဦးအား တောင်ငူမြို့ ရှိ တပ်မတော် ဆေးရုံတွင် တက် ရောက် ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။
-
ထို့ပြင် ဆေးကုသရေးအဖွဲ့က မျက်စိ ရောဂါနှင့်သွားရောဂါအကြောင်း သိကောင်းစရာများကို ကျန်းမာရေး ပညာပေး ဟောပြောခြင်းနှင့် ကျောင်းဝင်းအတွင်း ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...