Social Icons

Pages

Thursday, December 6, 2018

မိုးမောက်မြို့နယ် အတွင်း ငွေကျပ်သိန်းပေါင်း ၂၃ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မိုးမောက်မြို့နယ် အတွင်း ငွေကျပ်သိန်းပေါင်း ၂၃ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
-
နေပြည်တော် ဒီဇင်ဘာ ၅
-
ကချင်ပြည်နယ် မိုးမောက်မြို့နယ် မိုးမောက်-လွယ်ဂျယ်သွား ကားလမ်း စိန်လုံပူးပေါင်း စစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ဒီဇင်ဘာ ၄ ရက် ညနေ ၄ နာရီ ၁ဝ မိနစ်ခန့်တွင် လွယ်ဂျယ်မြို့ဘက်မှ မိုးမောက်မြို့ဘက်သို့ မာကွမ်း(ဘ)ဦးမရန်နော် မောင်းနှင်လာပြီး မိုးမောက်မြို့နေ စီစီဒွဲဘူ(ဘ)ဦးစီစီနော်နှင့် ဂေါ့လိုလုဂျန်(ဘ) ဦးဂေါ့ကိုနော်တို့ လိုက်ပါလာသည့် Mark-II (99)အမျိုးအစား(လိုင်စင်မဲ့) မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်၏ဆီတိုင်ကီနှင့် နောက်ထိုင်ခုံကြား အံဝှက်အတွင်းမှ ဆပ်ပြာခွက် ၉၄ ခွက်အတွင်း ထည့်ထားသည့်ဘိန်းဖြူ ၉၄ဝ ဂရမ်ခန့်၊ WYစာတန်းပါစိတ်ကြွ ရူးသွပ်ဆေးပြား ၇၉၈ဝဝ ပြား၊ (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၂၃ဝဝ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
-
အဆိုပါမော်တော်ယာဉ်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား မိုးမောက်မြို့နယ် ရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...