Social Icons

Pages

Thursday, December 6, 2018

မှော်ဘီမြို့ရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ၌ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်

မှော်ဘီမြို့ရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ၌ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်
-
နေပြည်တော် ဒီဇင်ဘာ ၅
-
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မြိုင်သာယာကျေးရွာရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ-၁(ရန်ကုန်) ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် မှော်ဘီတပ်နယ်မှ တပ်မတော်သားများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် တပ်မတော်သားများက အိမ်ရာအတွင်း/အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် အမှိုက်များ ရှင်းလင်းခြင်းတို့အား စုပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...