Social Icons

Pages

Monday, December 17, 2018

၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာ အားကစားလ (တတိယပတ်) စုပေါင်း လမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်

၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာ အားကစားလ (တတိယပတ်) စုပေါင်း လမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်
-
နေပြည်တော်   ဒီဇင်ဘာ   ၁၆ 
-
၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာ အားကစားလ (တတိယပတ်) စုပေါင်း လမ်းလျှောက်ပွဲများကို    ယနေ့နံနက်ပိုင်းတွင် တိုင်းစစ် ဌာန ချုပ် အသီးသီးရှိ  တပ်နယ်များ၌ ကျင်းပ ပြုလုပ်ကြသည်။
-
-
ထိုသို့စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်ရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် ပုဗ္ဗသီရိတပ်နယ်၏ စုပေါင်းလမ်း လျှောက်ပွဲကို နယ်မြေခံတပ်အားကစားကွင်း၌လည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မြစ်ကြီးနား တပ်နယ်၏ စုပေါင်း လမ်းလျှောက်ပွဲကို တိုင်း စစ်ဌာနချုပ်အားကစားကွင်း၌လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်  လားရှိုး တပ်နယ်၏  စုပေါင်း လမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ်အားကစားကွင်း၌ လည်းကောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တောင်ကြီး တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌လည်းကောင်း၊  အရှေ့ အလယ် ပိုင်း တိုင်းစစ်ဌာနချုပ် ခိုလမ်တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို  တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ လည်းကောင်း၊  တြိဂံဒေသတိုင်း စစ်ဌာနချုပ် ကျိုင်းတုံ တပ်နယ်၏ စုပေါင်း လမ်းလျှောက်ပွဲကို  ကျိုင်းတုံတပ်နယ် အားကစား ကွင်း၌ လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်  မော်လမြိုင်တပ်နယ်၏  စုပေါင်း လမ်းလျှောက်ပွဲကို ရွှေနတ်တောင် အားကစားကွင်း၌ လည်းကောင်း၊ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် မြိတ်တပ်နယ်၏ စုပေါင်း  လမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ လည်းကောင်း၊   ရန်ကုန်တိုင်းစစ်ဌာနချုပ်၏  တပ်နယ် အသီးသီး အလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို  တပ်နယ်အားကစားကွင်းများ၌ လည်းကောင်း၊  အနောက် တောင်တိုင်း စစ်ဌာန ချုပ် ပုသိမ်တပ်နယ်၏ စုပေါင်းလမ်း လျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ်ဘောလုံးကွင်း၌လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမ်းတပ်နယ်၏   စုပေါင်းလမ်းလျှောက်ပွဲကို  တိုင်းစစ် ဌာနချုပ်အားကစားကွင်း၌ လည်းကောင်း၊   အနောက် မြောက်တိုင်းစစ်ဌာနချုပ် မုံရွာတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစား ကွင်း၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မန္တလေးတပ်နယ်၏  စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ် ဌာနချုပ် ရန်အောင်မြင် ခန်းမရှေ့၌လည်းကောင်း၊   တောင်ပိုင်းတိုင်းစစ်ဌာနချုပ်  တောင်ငူတပ်နယ်၏ စုပေါင်း လမ်း လျှောက်ပွဲကို တိုင်းစစ် ဌာနချုပ် အေးချမ်းဖြိုးခန်းမ ရှေ့၌လည်းကောင်း အသီးသီးကျင်းပပြုလုပ်ကြရာ  တိုင်း မှူးများ၊ တိုင်းစစ် ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ ပါ ဝင် ဆင်နွှဲကြပြီး သတ်မှတ်နေရာများတွင် စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြသည်။
-
-
-
အလားတူ  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)  ရုံး/ ဌာနများ၏ ဒီဇင်ဘာ အားကစားလ(တတိယပတ်) စုပေါင်း လမ်း လျှောက်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ  ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းမှူးရုံး စခန်းမှူးနှင့် ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ ပါဝင် ဆင်နွှဲကြပြီး ကိုယ်လက်ကြံ့ခိုင် ရေးများ စုပေါင်း ဆောင် ရွက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။  
-
#မြ၀တီနေ့စဉ်သတင်းစာ






No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...