Social Icons

Pages

Thursday, December 13, 2018

ငြိမ်းချမ်းရေး ကော်မရှင်က ကြေညာချက်ထုတ်ပြန်

-
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ငြိမ်းချမ်းရေး ကော်မရှင် ထုတ်ပြန်ကြေညာချက် ၁၃၈ဝ ပြည့်နှစ်၊ နတ်တော်လဆန်း ၅ ရက် 
-
(၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်) 
-
၁။  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အပြုသဘောဆောင်သည့်ကြိုးပမ်းမှုကို မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ/ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNTJP/ MNDAA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး/ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA )၊ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့် တပ်မတော်(ULA/AA)တို့ အနေဖြင့် ကြိုဆိုထောက်ခံ/ကြောင်း၊ စစ်ရေးပဋိပက္ခနှင့် နိုင်ငံရေး ပြဿနာများကို တွေ့ဆုံဆွေးနွေးမှုများမှ တစ်ဆင့် ဖြေရှင်းရန် ဆန္ဒရှိကြောင်း ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်အား ငြိမ်းချမ်းရေး ကော်မရှင်က လှိုက်လှဲစွာ ကြိုဆိုထောက်ခံပါသည်။ 
-
၂။  ငြိမ်းချမ်းရေး ကော်မရှင်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်လာနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နှစ်ဖက်ယုံကြည်မှု တည်ဆောက်နိုင်ရန်အတွက် ယခုကြေညာချက် ထုတ်ပြန်သည့် အဖွဲ့(၃)ဖွဲ့ဖြစ်သော TNLA , AA, MNDAA တို့နှင့် နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (Bilateral Ceasefire Agreement) ရရှိရေး ကိစ္စနှင့် နိုင်ငံရေး နည်းလမ်းအရ ဆွေးနွေးနိုင်ရေး ကိစ္စများကို ဆက်လက်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပါသည်။ 
-
၃။   ထို့ပြင် ငြိမ်းချမ်းရေး  ကော်မရှင်အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးရန် ကျန်ရှိနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ NCA တွင် ပူးပေါင်းပါဝင် လာနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများမှတစ်ဆင့် ဆက်လက်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း  ထုတ်ပြန် ကြေညာ အပ်ပါသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...