-
နေပြည်တော် နိုဝင်ဘာ ၂၂
-
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် စပေါ့မှော်ကျေးရွာနေ ဒေါ်မာရက်စီနှင့် ဒေါ်အာနန်တို့သည် နိုဝင်ဘာ ၂၁ ရက် ညနေ ၅ နာရီ ခန့်တွင် အသီးအရွက်နှင့် ငါးရှာဖွေရန် တောထဲသို့သွားရောက်စဉ် ကျေးရွာ၏အရှေ့မြောက်ဘက် မီတာ ၁ဝဝဝ ခန့်အကွာသို့ အရောက်၌ KIA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ထောင်ထားသော တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲ၍ ဒေါ်မာရက်စီသည် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
-
မိုင်းထိလူနာအား တပ်မတော်သားများက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment