Social Icons

Pages

Thursday, November 15, 2018

မြန်မာနိုင်ငံ လက်ဝှေ့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား အမျိုးသား တံခွန်စိုက် အတန်းလိုက် လက်ဝှေ့ပြိုင်ပွဲ ကျင်းပ

မြန်မာနိုင်ငံ လက်ဝှေ့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား အမျိုးသား တံခွန်စိုက် အတန်းလိုက် လက်ဝှေ့ပြိုင်ပွဲ ကျင်းပ
-
ရန်ကုန် နိုဝင်ဘာ ၁၄
-
မြန်မာနိုင်ငံ လက်ဝှေ့ အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အမျိုးသား တံခွန်စိုက်အတန်းလိုက် လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နေ့ လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ် ဝိုင်တီစီရှိ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် လေ့ကျင့်ရေးရုံး သုဝဏ္ဏ၌ကျင်းပသည်။
-
အမျိုးသားပြိုင်ပွဲတွင် ၄၉ ကီလိုတန်း၊ ၅၂ ကီလိုတန်း၊ ၅၆ ကီလိုတန်း၊ ၆ဝ ကီလိုတန်း၊ ၆၄ ကီလိုတန်း၊ ၆၉ ကီလိုတန်း၊ ၇၅ ကီလိုတန်းနှင့် ၈၁ ကီလိုတန်းတို့ပါဝင်သည်။
-
အလားတူ အမျိုးသမီးပြိုင်ပွဲတွင် ၄၆ ကီလိုတန်း၊ ၄၈ ကီလိုတန်း၊ ၅၁ ကီလိုတန်း၊ ၅၄ ကီလိုတန်း၊ ၅၇ ကီလိုတန်း၊ ၆ဝ ကီလိုတန်းနှင့် ၆၃ ကီလိုတန်းတို့ပါဝင်သည်။
-
ပထမနေ့ပြိုင်ပွဲ၏ အထူးပွဲတွင် ဗစ်တာလင်း (မြို့မကလပ်) နှင့် ရိုတိမ်းစိန် (MERCY CLUB)၊ အမျိုးသမီး ၅၁ ကီလို တန်းတွင် နယ်လီ (ကရင်ကြီးကလပ်)နှင့် ထွန်းအိအိခိုင် (ပြည်ထဲရေး)၊ အမျိုးသား ၅၂ ကီလိုတန်းတွင် ခွန်တောက်ကြီး (ကရင်ကြီး ကလပ်)နှင့် ဝေဖြိုး ထွန်း(ပြည်ထဲရေး)၊ စောဖိုးကျော်(ရွှေကရင်ကလပ်)နှင့် သူရ (ပြည်ထဲ ရေး)၊ အမျိုးသား ၅၆ ကီလိုတန်းပြိုင်ပွဲတွင် လင်းသူအောင် (ကာကွယ်ရေး)နှင့် ဝေယံစိးု (မော်ကျွန်း ကလပ်)၊ သူရလင်း (ကရင်ကြီး ကလပ်)နှင့် ညီညီ ထွန်းနိုင်(ကာကွယ်ရေး)၊ ရဲသီဟ (ကာကွယ်ရေး)နှင့် မင်းနိုင်ကျော်ဇော် (ပြည်ထဲရေး)၊ အမျိုးသား ၆ဝ ကီလိုတန်း ပြိုင်ပွဲတွင် အောင် စိုးပိုင်(ကာကွယ်ရေး)နှင့် အောင်နိုင်ဝင်း (ကာကွယ်ရေး)၊ အာကာပိုင်မင်း (ပြည်ထဲရေး) နှင့် ဗညားအောင်(ကာကွယ်ရေး)၊ စောဘွယ် ကလို(ပြည်ထဲရေး)နှင့် ရဲနိုင်(ကာကွယ်ရေး)၊ သီဟဇော် (PTC Club) နှင့် ငြိမ်းပြည့်စုံ (မော်ကျွန်းကလပ်)၊ အမျိုးသား ၇၅ ကီလိုတန်း ပြိုင်ပွဲတွင် အောင်ဆွေမွန် (ပြည်ထဲရေး) နှင့် ရဲဝင်းအောင် (ကာကွယ်ရေး)တို့ ယှဉ်ပြိုင်ထိုးသတ်ကြကြောင်း သိရ သည်။
-
ဝန်းရံခ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...