Social Icons

Pages

Friday, November 2, 2018

ကမ္ဘောဒီးယားနှင့်ပွဲစဉ်အတွက် ကြိုတင်လက်မှတ်များကို နိုဝင်ဘာ ၇ ရက်တွင် ရောင်းချပေးမည်

ကမ္ဘောဒီးယားနှင့်ပွဲစဉ်အတွက် ကြိုတင်လက်မှတ်များကို  နိုဝင်ဘာ ၇  ရက်တွင် ရောင်းချပေးမည်
-
ရန်ကုန်  နိုဝင်ဘာ  ၁
-
၂ဝ၁၈ အာဆီယံ ဆူဇူကီးပြိုင်ပွဲ အုပ်စု (က)  ၏  ပွဲစဉ်တစ်ပွဲဖြစ်သည့် မြန်မာနှင့် ကမ္ဘောဒီးယားအသင်းတို့၏ ပွဲစဉ်အတွက်  ကြိုတင်လက်မှတ်များကို  နိုဝင်ဘာ  ၇ ရက် တွင်  စတင်ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်    MFF မီဒီယာ တာဝန်ခံ ဦးဇော်မင်းထိုက်ထံမှ သိရ သည်။
-
အဆိုပါပွဲစဉ်အတွက် ကြိုတင်လက်မှတ် များကို  ဗထူး အားကစားကွင်းနှင့် အမျိုးသား ဘောလုံးအကယ်ဒမီ   (မန္တလေး)   တို့၌ နိုဝင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ ရုံးချိန် အတွင်း ရောင်းချပေးမည်ဖြစ်ကြောင်း သိရ သည်။ ''အခုရောင်းချမယ့် ကြိုတင်လက်မှတ်တွေက မှတ်ပုံတင် မလိုပါဘူး။ 
-
လူတိုင်းကို လိုသလောက် ရောင်းချပေးမှာပါ။ တစ်ဦးကို လက်မှတ်အစောင်ရေ အကန့်အသတ်မရှိ ဝယ်ယူခွင့်ပြုမှာဖြစ်ပေမယ့်  တစ်ဦးတည်း အစောင်ရေ   ၅ဝ၊  ၁ဝဝ  ဒီလိုမျိုးတော့ အများကြီး ဝယ်ခွင့် မပေးပါဘူး။ ဒါကျတော့  မှောင်ခိုဈေးကွက်ကို   အားပေးရာရောက်မှာ စိုးလို့ပါ'' ဟု ဦးဇော်မင်းထိုက်က ပြောသည်။ ထို့ပြင် မြန်မာနှင့် ကမ္ဘောဒီးယားအသင်း တို့ ယှဉ်ပြိုင်ကစားကြမည့်  နိုဝင်ဘာ ၁၂ ရက်တွင်လည်း လက်မှတ်များကို မန္တလာသီရိ အားကစားကွင်း၌ ဆက်လက် ရောင်းချပေး မည်ဖြစ်ပြီး   လက်မှတ် အစောင်ရေ  သောင်းဂဏန်းအထိ   ချန်ထားပေး မည်ဖြစ်သည်။ 
-
MFF သည် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ပွဲစဉ်များအတွက် လက်မှတ် ဈေးနှုန်းများကို  အထူးတန်း  ငွေကျပ် ၅ဝဝဝ နှင့် ရိုးရိုးတန်း ငွေကျပ် ၃ဝဝဝ သတ် မှတ်ထားကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...