-
ပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီး၌ တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၅ နာရီတွင်ကျင်းပသည်။
-
ဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းသားရိုးရာတေးသီချင်းများ၊ ရှမ်းပြည်နယ်ယဉ်ကျေးမှုအဖွဲ့က ကိန္နရီ/ကိန္နရာအက၊ တိုးနရား အကနှင့်ဓားသိုင်းအက၊ ဒေါင်းအကမီးအလှ၊ ရှမ်းပြည်နယ် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များက ''ကမ္ဘာကျော်တဲ့ ပွဲ'' တန် ဆောင်တိုင်သီချင်းတို့ဖြင့် ကပြဖျော်ဖြေကြသည်။
-
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၁၄ ရက်မှ နိုဝင်ဘာ ၂၃ ရက်အထိကျင်းပသွားမည်ဖြစ်ပြီး တန်ဆောင် တိုင်ပွဲ တော်တွင် ညလွှတ် ညမီးကြီး ၈၁ လုံး၊ စိန်နားပန် ၄၂ လုံးနှင့်နေ့လွှတ်အရုပ် ခြေနှစ်ချောင်း ၁၅၉ လုံး၊ ခြေလေးချောင်း အလုံး ၉ဝ ၊ အုပ်စု ၄၂ လုံး၊ညလွှတ်မီးပုံးပျံ စုစုပေါင်း ၁၂၃ လုံး၊ နေ့လွှတ်အရုပ် စုစုပေါင်း ၂၉၁ လုံး၊ ညလွှတ်မီးပုံးပျံနှင့် နေ့လွှတ်အရုပ်စုစုပေါင်း ၄၁၄ လုံးကို လွှတ်တင်သွားမည်ဖြစ်သည်။
-
ဖွင့်ပွဲတွင် တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးဦးစီးကော်မတီနာယက ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က တန်ဆောင်တိုင်ပွဲတော်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးပြီး မီးရှူးမီးပန်းများပစ်ဖောက်ကာ စိန်နားပန် မီးပုံးပျံအကြီးနှစ်လုံးနှင့် မီးပုံးပျံငယ်အလုံး ၄၅ဝဝ တို့ကိုလွှတ်တင်ခဲ့ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment