Social Icons

Pages

Thursday, November 15, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံများ၏ ထိပ်သီး အစည်း အဝေးများသို့ တက်ရောက်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံများ၏ ထိပ်သီး အစည်း အဝေးများသို့ တက်ရောက်
-
စင်ကာပူ နိုဝင်ဘာ ၁၄ 
-
စင်ကာပူနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့တွင် အာဆီယံ- သြစတြေးလျ ခေါင်းဆောင်များ အလွတ်သဘော နံနက်စာစားပွဲ၊ (၂၁)ကြိမ်မြောက် အာဆီယံ- တရုတ် ထိပ်သီး အစည်းအဝေး၊ (၂ဝ)ကြိမ်မြောက် အာဆီယံ- ကိုရီးယားထိပ်သီး အစည်းအဝေး၊ အာဆီယံနိုင်ငံ့ ခေါင်းဆောင် များနှင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ ဧည့်သည်နိုင်ငံ့ခေါင်းဆောင်များအား စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်က တည်ခင်း ဧည့်ခံသည့် အလုပ်သဘောနေ့လယ် စာစားပွဲ၊ တတိယ အကြိမ်မြောက် အာဆီယံ- ရုရှား ထိပ်သီးအစည်းအဝေး၊ အာဆီယံနှင့် Eurasian Economic Commission (EEC) အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည် မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနား၊ (၂၁)ကြိမ်မြောက် အာဆီယံ- ဂျပန်ထိပ်သီး အစည်းအဝေး၊ ဒုတိယ အကြိမ်မြောက် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး (2 nd Regional Comprehensive Economic Partnership Summit) နှင့် အာဆီယံနိုင်ငံ့ ခေါင်းဆောင် များ၊ အာဆီယံ မဟုတ်သော အရှေ့ အာရှထိပ်သီး အစည်းအဝေးတွင် ပါဝင် ဆွေးနွေးကြသည့် နိုင်ငံများမှ ခေါင်းဆောင် များနှင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ ဧည့်သည်နိုင်ငံ့ ခေါင်းဆောင်များအား စင်ကာပူ နိုင်ငံဝန်ကြီး ချုပ်က တည်ခင်း ဧည့်ခံသည့် ညစာ စားပွဲတို့သို့ တက်ရောက် ဆွေးနွေးသည်။
-
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့ဒေသ စံတော်ချိန် နံနက် ၈နာရီခွဲတွင်စင်ကာပူနိုင်ငံ Suntec Expo Convention Center ၌ ကျင်းပသည့် အာဆီယံသြစတြေးလျ ခေါင်းဆောင်များ အလွတ် သဘော နံနက်စာ စားပွဲသို့ တက်ရောက်ဆွေးနွေး သည်။
-
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် (၂၁) ကြိမ်မြောက် အာဆီယံ- တရုတ်ထိပ် သီး အစည်းအဝေးနှင့် (၂ဝ)ကြိမ်မြောက် အာဆီယံ - ကိုရီးယားထိပ်သီး အစည်းအဝေးတို့သို့ တက် ရောက် ဆွေးနွေး သည်။
-
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံနိုင်ငံ့ ခေါင်းဆောင်များနှင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ ဧည့်သည်နိုင်ငံ့ ခေါင်းဆောင်များအား စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်က တည်ခင်းဧည့်ခံ သည့် အလုပ် သဘော နေ့လယ်စာ စားပွဲသို့ တက်ရောက်ဆွေးနွေးသည်။
-
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တတိယ အကြိမ်မြောက် အာဆီယံ-ရုရှား ထိပ်သီး အစည်းအဝေး၊ အာဆီယံနှင့် Eurasian Economic Commission (EEC)အကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည် မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲ အခမ်းအနား၊ (၂၁)ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီး အစည်းအဝေးနှင့် ဒုတိယအကြိမ်မြောက် ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီး အစည်း အဝေး (2nd Regional Comprehensive Economic Partnership Summit ) တို့သို့ တက်ရောက် ဆွေးနွေးသည်။
-
ညပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အာဆီယံနိုင်ငံ့ ခေါင်းဆောင်များ၊ အာဆီယံ မဟုတ်သော အရှေ့အာရှ ထိပ်သီး အစည်းအဝေးတွင် ပါဝင်ဆွေးနွေးကြသည့် နိုင်ငံများမှ ခေါင်းဆောင်များနှင့် အာဆီယံ အလှည့် ကျ ဥက္ကဋ္ဌ၏ ဧည့်သည်နိုင်ငံ့ ခေါင်းဆောင်များအား စင်ကာပူနိုင်ငံဝန်ကြီးချုပ်က တည်ခင်းဧည့်ခံသည့် ညစာ စားပွဲ တို့သို့ တက်ရောက်သည်။
-
ထိပ်သီး အစည်းအဝေးပွဲများနှင့် ညစာစား ပွဲတို့သို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ တို့မှ နိုင်ငံအကြီးအကဲ၊ အစိုးရ အဖွဲ့အကြီးအကဲများ၊ ဝန်ကြီးများ၊ အာဆီယံ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံများမှ နိုင်ငံ အကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ အာဆီယံအတွင်း ရေးမှူးချုပ်၊ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ် စားလှယ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...