Social Icons

Pages

Wednesday, November 14, 2018

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ
-
နေပြည်တော် နိုဝင်ဘာ ၁၃ 
-
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ နိုင်ငံသံအမတ်ကြီး H.E.Mrs.Tone Tinnes နှင့်အဖွဲ့အား ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဧည့်တွေ့ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံ သည်
-
တွေ့ဆုံပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မရှင် အဖွဲ့ဝင် များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ဦးမြင့်နိုင်၊ ဦးသန်းဌေးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
-
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ယခု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား ၂ဝ၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂ဝ၁၇၊ ၂ဝ၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲများအား အောင်မြင်စွာ ကျင်းပပေးခဲ့မှု၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် အစိုးရ ဌာနအဖွဲ့အစည်းများ၊ နိုင်ငံတကာ အထောက် အကူပြုအဖွဲ့များ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ပွင့်လင်း မြင်သာမှုရှိစေရန် ပြည်တွင်း ပြည်ပရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့များ၊ သံတမန်များအား ဖိတ်ခေါ်ဆောင်ရွက်ခဲ့မှု၊ လွှတ်တော်နှင့် ရွေးကောက်ပွဲ ကော်မရှင်အဆင့် ဆင့်တွင် အမျိုးသမီးပါဝင်မှု မြှင့်တင်ရေး ဆောင်ရွက်နေမှု၊ ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည် သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရေး စသည့် စံငါးချက်ဖြင့် ကိုက်ညီ စေရန် အတွက် ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲနှောင်း ပိုင်းကာလဟု ပိုင်းခြား၍ စီမံဆောင်ရွက်နေမှု၊ Voter Education နှင့် Civic Education ကို တိုးမြှင့် ဆောင်ရွက်ရန်လိုအပ်မှု၊ ၂ဝ၂ဝ ပြည့်နှစ်တွင် အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးခွင့် ရရှိလာမည့် မဲဆန္ဒရှင် လူငယ်များအား ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်မှုတို့ကို ရှင်းလင်းပြောကြားရာ နော်ဝေနိုင်ငံ သံအမတ်ကြီးက နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ဒီမို ကရေစီပြုပြင် ပြောင်းလဲရေးအား ကူညီဆောင်ရွက်နေမှု၊ ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေး ကောက်ပွဲနှင့် ၂ဝ၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအား ကူညီဆောင်ရွက်ခဲ့မှု၊ ၂ဝ၁၈ ကြား ဖြတ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့ တစ်ဖွဲ့အား ကူညီ ဆောင်ရွက်ခဲ့မှု၊ ၂ဝ၂ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကူညီဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို ရှင်းလင်း ပြောကြားသည်။
-
၎င်းနောက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြောင်း သိရသည်။  (သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...