Social Icons

Pages

Monday, November 19, 2018

အညာဒေသ အလှူ ရှင်လောင်းလှည့် ပွဲများ၌ ဘုံခုနစ်ဆင့် လှည်းနှင့်ရွှေလှည်း အသုံးပြုမှု များလာ

အညာဒေသ အလှူ ရှင်လောင်းလှည့် ပွဲများ၌ ဘုံခုနစ်ဆင့် လှည်းနှင့်ရွှေလှည်း အသုံးပြုမှု များလာ
-
မန္တလေး နိုဝင်ဘာ ၁၈
-
အညာဒေသအလှူ  ရှင်လောင်းလှည့်ပွဲများ၌ ဘုံခုနစ်ဆင့်လှည်း၊ ရွှေလှည်း၊ ငွေလှည်း၊ စိန်လှည်း များကိုသာ အသုံးပြုမှုများလျက်ရှိရာ  အလှူပွဲများအတွက်  ကြိုတင်ငှားရမ်းမှု များပြားလာကြောင်း  ဘုံခုနစ်ဆင့် လှည်းနှင့် ရွှေလှည်း၊ ငွေလှည်းအငှားလိုက်သူ တစ်ဦးထံမှ သိရသည်။
-
လက်ရှိကာလ   အညာဒေသ အလှူ  ရှင်လောင်းလှည့်ပွဲများတွင် အလှူဒါယကာ သမီးသားတို့မှာ အခြားရှင်လောင်း နားဖောက်သည်များနှင့်မတူ တစ်မူထူးခြားအောင် ပြုလုပ်လေ့ရှိပြီး အလှူဒါယိကာမ သမီး နားဖောက်သည်များကို ယခင်ကရွှေလှည်း၊ ငွေလှည်း၊ ပတ္တမြားလှည်းများ ငှားကာ တင်ဆောင်ကြသော်လည်း ယခုအခါ ဆန်းသစ်သော  ဘုံခုနစ်ဆင့် လှည်းများဖြင့် တင်ဆောင်လာကြသည်။
-
ရှင်လောင်းလှည့်ပွဲဟု ဆိုသည်နှင့် ဘုရားကားစည်တော်ကြီး၊  ကန်သာအိုးရွက် အလှူရံကိုင်၊ ကွမ်းတောင် ပန်းတောင်ကိုင်၊    တံခွန်လုံးကိုင် အပျိုများကိုရှေ့မှထားကြသည်။
-
ထို့နောက် အလှူဒါယကာ၊ အလှူဒါယိကာမများ လိုက်ကာ နောက်တွင် ရှေ့ဝန်းနောက်ဝန်းများ  ရံထားကြသည်။ ရှင်လောင်းလှည့်တန်းများထဲတွင်  ဆိုင်းအဖွဲ့သုံးဖွဲ့ကို ထည့်သွင်းထားပြီး  ဆိုင်းအဖွဲ့နောက်တွင် ရှင်လောင်းမြင်းများ ထားကြသည်။
-
မြင်းများနောက်တွင် လှည်းယဉ်ကြော့တို့ထားကြသည်။ လက်ရှိကာလ   အညာဒေသ အလှူရှင်လောင်းလှည့်ပွဲများတွင်  ဘုံခုနစ်ဆင့်လှည်း၊  ရွှေလှည်း၊ ငွေလှည်း၊ ပတ္တမြားလှည်း၊ စိန်လှည်းများကိုသာ ငှားရမ်းအသုံးပြုမှု များပြားလာပြီး လှည်းတစ်စီး ငှားခမှာ ငွေကျပ်တစ်သိန်းကျော်မှ နှစ်သိန်းအထိ ပေးရကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...