Social Icons

Pages

Friday, November 9, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နယ်သာလန် နိုင်ငံ နိုင်ငံခြား ကုန်သွယ်ရေးနှင့် ဖွံ့ ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးနှင့်  အီတလီနိုင်ငံ သံအမတ်ကြီးတို့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နယ်သာလန် နိုင်ငံ နိုင်ငံခြား ကုန်သွယ်ရေးနှင့် ဖွံ့ ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးနှင့်  အီတလီနိုင်ငံ သံအမတ်ကြီးတို့အား လက်ခံတွေ့ဆုံ
-
နေပြည်တော် နိုဝင်ဘာ ၈
-
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် နယ်သာလန်နိုင်ငံ နိုင်ငံခြား ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E.Mrs. Sigrid Kaag ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့သည်။
-
ထိုသို့တွေ့ဆုံစဉ် မြန်မာ- နယ်သာလန် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အခြေအနေ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သွားသူများ ပြန်လည် လက်ခံရေးဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
-
အလားတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံ ဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီး H.E.Mrs. Alessandra Schiavo အား ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော် ရှိ နိုင်ငံ ခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။
-
ထိုသို့တွေ့ဆုံစဉ် မြန်မာနှင့် အီတလီ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် ကမ္ဘာလှည့်ခရီးသွားကဏ္ဍ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...