Social Icons

Pages

Thursday, November 15, 2018

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား တောင်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဦးစီးချုပ် (DEPUTY CHIEF OF JOINT STAFF) MAJOR GENERAL TAN JIANMING က နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား တောင်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဦးစီးချုပ် (Deputy Chief of Joint Staff) Major General Tan Jianming က နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ
-
နေပြည်တော်၊ နိုဝင်ဘာ -၁၄ 
-
တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ ရောက်ရှိနေသော ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာ ၁၃ ရက် ဒေသ စံတော်ချိန် နေ့လယ် ၁၂ နာရီတွင် တောင်ပိုင်း စစ်နယ်ဝန်း ကွပ်ကဲမှု ဌာနချုပ် ဒုတိယ စစ်ဦးစီးချုပ်(Deputy Chief of Joint Staff) Major General Tan Jianming က White Swan Hotel ၌ တည်ခင်း ဧည့်ခံသည့် နေ့လယ်စာ စားပွဲသို့ တက်ရောက်သည်။
-
ဦးစွာ နေ့လယ်စာ စားပွဲ အထိမ်းအမှတ်အဖြစ် တောင်ပိုင်း စစ်နယ်ဝန်း ကွပ်ကဲမှု ဌာနချုပ် ဒုတိယ စစ်ဦးစီးချုပ် (Deputy Chief of Joint Staff) Major General Tan Jianming နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့က နှုတ်ခွန်းဆက် စကားများ အပြန်အလှန် ပြောကြားခဲ့ပြီး တက်ရောက် လာကြသူများနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ကြကာ အထိမ်းအမှတ် ပစ္စည်းနှင့် အမှတ် တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...