Social Icons

Pages

Wednesday, October 17, 2018

နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေးနှင့်ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်

နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေးနှင့်ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်
-
နေပြည်တော် အောက်တိုဘာ ၁၆
-
အောက်တိုဘာ ၁၅ ရက်မှ ၁၆ ရက်အထိ နှစ်ရက်တာ ကျင်းပခဲ့သည့် နိုင်ငံတော်အစိုးရနှင့် NCA  လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့် အစည်းအဝေးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ည ၆ နာရီတွင်   နေပြည်တော်ရှိ  Horizon Lake View Resort ၌ ပြုလုပ်ခဲ့သည်။
-
သတင်းစာရှင်းလင်းပွဲတွင် ထိပ်သီးခေါင်းဆောင်များ၏ နှစ်ရက်တာ သီးသန့် အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့ပြီး   နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး နှင့် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း တို့က မီဒီယာများ၏  သိရှိလိုသည့် မေးခွန်းများကို ဖြေကြားကြကြောင်း သိရသည်။
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...