Social Icons

Pages

Monday, October 15, 2018

ကျွန်းစုမြို့နယ်၊ မြိတ်မြစ်ဝအနီး၌ တရားမဝင် သစ်များ ဖမ်းဆီးရမိ

ကျွန်းစုမြို့နယ်၊ မြိတ်မြစ်ဝအနီး၌ တရားမဝင် သစ်များ ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မြိတ်မြစ်ဝ၌ လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၃ ရက် နံနက် ၁ နာရီခန့်တွင် ကားယားကျွန်း၏ တောင်ဘက် ၃ မိုင်ခန့် အကွာအရောက်၌ တရားမဝင် တောသစ်ခွဲသား  ၉ တန်ခန့် တင်ဆောင်ထားသည့်   လှေတစ်စင်းအား ဖမ်းဆီးရမိခဲ့သည်။
-
ဖြစ်စဉ်မှာ မြိတ်မြို့၊ ပိန္နဲတောင်ကျေးရွာ နေ ဦးဖိုးတော့(ဘ) ဦးဝင်းစိန်နှင့် ဦးထွန်းနိုင် (ဘ) ဦးသိန်းနိုင်တို့သည် တရားမဝင်တော သစ်ခွဲသားများ တင်ဆောင်၍ အောက်တိုဘာ ၁၂ ရက် ညနေပိုင်းတွင် ကျွန်းစုမြို့နယ်၊ ကသာဗျောအော်မှ မြိတ်မြို့သို့ ပို့ဆောင်ရန် ထွက်ခွာလာစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
-

အဆိုပါ  တရားမဝင် သစ်များနှင့်အတူ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူနိုင်ရေး မြိတ်မြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်းသတင်း ရရှိသည်။    


(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...