Social Icons

Pages

Friday, October 19, 2018

ပြင်ဦးလွင်မြို့နယ်၊ ဖားအောက် တောရ ဗုဒ္ဓသာသနာ့ရိပ်သာ (ပြင်ဦးလွင်)ရှိ ဓမ္မာနုဓမ္မပဋိပန္န နှစ်ထပ်သိမ်တော်ကြီး သိမ်သ မုတ်ပွဲနှင့် သိမ်ရေစက်ချ အလှူတော် မင်္ဂလာပြုလုပ်

ပြင်ဦးလွင်မြို့နယ်၊ ဖားအောက် တောရ ဗုဒ္ဓသာသနာ့ရိပ်သာ (ပြင်ဦးလွင်)ရှိ  ဓမ္မာနုဓမ္မပဋိပန္န နှစ်ထပ်သိမ်တော်ကြီး သိမ်သ မုတ်ပွဲနှင့် သိမ်ရေစက်ချ အလှူတော် မင်္ဂလာပြုလုပ်
နေပြည်တော် အောက်တိုဘာ ၁၈
-
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ (ပြင်ဦးလွင်)ရှိ တပ်ဦးဓမ္မရိပ်သာ (တိုးချဲ့)၌ တည်ဆောက်ခဲ့သည့် ဓမ္မာနုဓမ္မပဋိပန္နနှစ်ထပ် သိမ်တော်ကြီး သိမ်သမုတ်ပွဲနှင့် သိမ်ရေစက်ချ အလှူတော် မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါနှစ်ထပ်သိမ်တော်ကြီး၌ ပြုလုပ်သည်။
-
-
အဆိုပါအလှူတော် မင်္ဂလာသို့ နိုင်ငံတော် သြဝါဒါစရိယ မန္တလေးမြို့၊ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဝိစာရိန္ဒာဘိဝံသ အမှူးပြုသော နိုင်ငံတော်သြဝါဒါ စရိယဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊  ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊  အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
-
ဦးစွာ နိုင်ငံတော်သြဝါဒါစရိယ မန္တလေးမြို့၊ မဟာဝိဇိတာရုံ ပရိယတ္တိ စာသင်တိုက်ဦးစီးပဓာန နာယက  အဘိဓဇ မဟာရ ဋ္ဌဂုရု ဘဒ္ဒန္တ ဝိစာရိန္ဒာဘိဝံသ၊  တွဲဖက်ရွှေကျင်သာသနာပိုင် ရွှေကျင်နိကာယဥပဥက္ကဋ္ဌ  ဆရာတော် များ ဖြစ်ကြသည့် သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ  အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဥာဏိဿရ၊ အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနန္ဒမာလာ ဘိဝံသ၊ ဖားအောက်တောရ ဗုဒ္ဓသာသနာ့ ရိပ်သာများ၏ အဓိပတိ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တအာစိဏ္ဏ၊ မန္တလေးမြို့၊ အမရပူရ၊ မဟာဂန္ဓာရုံကျောင်းတိုက် မဟာ
-
နာယကချုပ် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဣန္ဒောဘာသာ ဘိဝံသနှင့် မန္တလေးမြို့၊ မဟာ ဝိသုဒ္ဓါရုံတိုက်သစ်  စည်ရှင် ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂဥာဏာဘိဝံသတို့ အမှူးပြုသော သံဃာတော် ၃၆ဝ ပါးတို့က သိမ်တော်ကြီး၏  အရပ်မျက်နှာအသီးသီး၌ သိမ်နုတ်ခြင်း၊ နိမိတ်ကြားနာခြင်း၊ ကမ္မဝါစာ ရွတ်ဖတ်ခြင်း စသည့် သိမ်သ မုတ်ခြင်းများကို ဆောင်ရွက်တော်မူကြသည်။
-
ထို့နောက် မန္တလေးမြို့၊ အဝေရာမ ရန်ကင်း ကျောင်းတိုက်ဆရာတော် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင်  အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တသြဒါတသိရီဘိဝံသက သိမ်အောင် ဂါထာကိုရွတ်ဖတ်ပူဇော်ပြီး သံဃာတော်များက '' ဇယန္တော ဗောဓိယာမူလေ''အစချီသော အောင်ဂါထာကို ရွတ်ဖတ်ပူဇော်ကြသည်။
-
ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာ ကြသူများက   နိုင်ငံတော် သြဝါဒါစရိယ ဖားအောက်တောရ  ဗုဒ္ဓသာသနာ့ ရိပ်သာများ ၏အဓိပတိဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး တိုင်းမှူးနှင့် အလှူရှင်များက  သံဃာတော် များအား  ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
-
ဆက်လက်၍ တိုင်းမှူးနှင့် တက်ရောက်လာ ကြသူများက သံဃာတော်များအား နဝကမ္မ အလှူငွေနှင့် လှူဖွယ် ပစ္စည်း များကို သိမ်ဆင်း လောင်းလှူကြသည်။
-
ထို့ပြင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သံဃာတော် ၁၄ဝဝ ပါးအားစုစည်း၍ သီတင်းကျွတ် လပြည့်နေ့ဖြစ်သော အောက်တို ဘာ ၂၄ ရက်တွင် အဆိုပါသိမ်တော်ကြီး၌   ပရန္နဝါပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း    သတင်းရရှိသည်။       
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...