Social Icons

Pages

Tuesday, October 16, 2018

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် မြန်မာ့သိုင်း အခြေခံ သင်တန်း ဖွင့်လှစ်

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် မြန်မာ့သိုင်း အခြေခံ သင်တန်း ဖွင့်လှစ်
-
နေပြည်တော်  အောက်တိုဘာ  ၁၅
-
အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော် သားများအတွက် ဖွင့်လှစ်သည့် မြန်မာ့သိုင်း အခြေခံသင်တန်း အမှတ်စဉ်(၃/၂ဝ၁၈) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ   တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
-
ဦးစွာ တိုင်းမှူးက သင်တန်းဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် တက် ရောက်လာကြသူများနှင့်အတူ သရုပ်ပြအဖွဲ့၏ ၆၃ မောင်း နည်းပညာ ကျင့်စဉ်၊ လက်ရေး ၁ဝ၈ စုံလည်စက်ဝိုင်း၊  တြိစက္ကဓားသိုင်း၊ တုတ်သိုင်း၊ လှံသိုင်း၊ ဗန်တို၊ ဗန်ရှည်တိုက် နည်း၊ အချုပ်အဖြည်တိုက်နည်း စသည့်မြန်မာ့သိုင်းစွမ်းရည် သရုပ်ပြသမှုများကို ကြည့်ရှု အားပေးကြပြီး   သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
-
အဆိုပါသင်တန်းကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ သင်တန်းသားများနှင့် အကျဉ်းဦးစီးဌာနမှ သင်တန်းသားများ စုစုပေါင်း သင်တန်းသား ၆၄ ဦးဖြင့် နိုဝင်ဘာ ၃ဝ ရက်အထိ ဖွင့်လှစ် သင်ကြားပေး သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။                         
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...