Social Icons

Pages

Tuesday, September 25, 2018

အခြေခံစက်ချုပ်နည်း သင်တန်း အမှတ်စဉ်(၁/၂ဝ၁၈ )ဖွင့်လှစ်




နေပြည်တော် ၂၅-၉-၂ဝ၁၈

ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်ရှိ တပ်မတော်သား မိသားစုများအတွက် ဖွင့်လှစ်သော အခြေခံစက်ချုပ်နည်း သင်တန်းအမှတ်စဉ်(၁/၂ဝ၁၈)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ စုပေါင်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အမျိုးသမီး သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ တာဝန်ရှိသူ များနှင့် သင်တန်းသူများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းမှူးနှင့် အဖွဲ့ဝင်များက အမျိုးသမီး သက်မွေးပညာ သင်တန်းကျောင်းမှ ချုပ်လုပ်ထားသောပစ္စည်းများနှင့် သင်တန်းသူများ စက်ချုပ်သင်တန်း သင်ကြားနေမှုတို့ကို လိုက်လံကြည့် ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ အဆိုပါအခြေခံ စက်ချုပ်နည်း သင်တန်းကို သင်တန်းသူ ၅၇ ဦးဖြင့် အောက်တိုဘာ ၁၉ ရက်အထိ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...