Social Icons

Pages

Wednesday, September 12, 2018

ဖျာပုံမြို့ရှိ ဝေဇယန္တာပရိယတ္တိ စာသင်တိုက်သို့ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် ငွေပဒေသာပင် အလှူငွေများ ဆက်ကပ်လှူဒါန်း၊ သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်




နေပြည်တော် ၁၂-၉-၂ဝ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့ရှိ ဝေဇယန္တာပရိယတ္တိ စာသင်တိုက်သို့ အနောက် တောင်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများက ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် ငွေပဒေသာပင် အလှူငွေများ စုပေါင်း လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စာသင်တိုက်၌ ပြုလုပ်ရာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပဏ္ဍဝ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်မှူးချုပ်ရဲဝင်းဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် လှူဒါန်းကြသည်။ 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါး သီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက သံဃာတော် များအား ဝါဆိုသင်္ကန်း၊ ဆွမ်း ဆန်တော်၊ ဆီနှင့် ငွေပဒေသာပင်အလှူငွေများ ဆက်ကပ်လှူဒါန်း၍ နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။ 

ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေး ကုသရေးအဖွဲ့က သံဃာတော် ၄၁ ပါးအား ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုး/အကြော ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...