Social Icons

Pages

Thursday, September 20, 2018

မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံ၊ ပူနေးမြို့ရှိ အိန္ဒိယအမျိုးသား ကာကွယ်ရေး စစ်တက္ကသိုလ်နှင့် အာမက်နဂါးမြို့ရှိ အိန္ဒိယ ကြည်းတပ်၊ သံချပ်ကာယန္တရားတပ်ဖွဲ့ဗဟို ဌာန နှင့် သင်တန်းကျောင်း သို့ သွားရောက်လေ့လာ









နေပြည်တော် ၂ဝ-၉-၂ဝ၁၈

အိန္ဒိယသမ္မတနိုင်ငံသို့ ရောက်ရှိနေသော ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စား လှယ်အဖွဲ့သည် တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် စက်တင်ဘာ ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၀ မိနစ်တွင် တည်းခိုရာဟိုတယ်မှ မော်တော်ယာဉ်ဖြင့် ထွက်ခွာ၍ နံနက် ၉ နာရီတွင် အိန္ဒိယအမျိုးသား ကာကွယ်ရေးစစ်တက္ကသိုလ် (National Defence Academy-NDA) သို့ ရောက်ရှိခဲ့ရာ NDA ကျောင်းအုပ်ကြီး Air Marshal IP Vipin နှင့်ဇနီး၊ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။ 

မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယအမျိုးသား ကာကွယ်ရေးစစ်တက္ကသိုလ်၏ လေ့ကျင့်သင်ကြားပေးနေမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ပြီး ကျောင်းဝန်းအတွင်း လှည့် လည်ကြည့်ရှုခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ထို့နောက် အိန္ဒိယအမျိုးသား ကာကွယ် ရေးစစ်တက္ကသိုလ်၊ ကျောင်းအုပ်ကြီးရုံးခန်း၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာ ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုး၍ အထိမ်းအမှတ်ပစ္စည်းနှင့် လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။ 

ယင်းနောက် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် National Defence Academy-NDA ကျောင်းဝန်း အတွင်းရှိ ရဟတ်ယာဉ်ကွင်းမှတစ်ဆင့် နံနက် ၁၁ နာရီ တွင် အာမက်နဂါးမြို့သို့ ရဟတ်ယာဉ်ဖြင့် ဆက်လက ထွက်ခွာခဲ့ရာ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် အိန္ဒိယကြည်းတပ်၊ သံချပ်ကာယန္တရားတပ်ဖွဲ့ဗဟိုဌာနနှင့် သင်တန်းကျောင်း (Armoured Corps Centre & School- ACC&S) ရဟတ်ယာဉ်ကွင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းအုပ်ကြီး Major General Neeraj Kapur နှင့်ဇနီး၊ တာဝန်ရှိသူများက ကြိုဆို ခဲ့ကြသည်။ ဆက်လက်၍ ကိုယ်စားလှယ်အဖွဲ့အား သံချပ်ကာယန္တရားတပ်ဖွဲ့ဗဟိုဌာနနှင့် သင်တန်းကျောင်း၌ လေ့ကျင့်သင်ကြားပေးနေမှု များအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး သင်တန်းကျောင်းဆောင်များ၌ သင်ကြားပြသနေမှုများအား လေ့လာကြည့်ရှုခဲ့ရာ သက်ဆိုင်ရာဘာသာရပ်အလိုက် သင်တန်းနည်းပြများက လိုက်လံရှင်းလင်းပြသခဲ့ကြ သည်။ ထို့နောက် ကိုယ်စားလှယ်အဖွဲ့သည် သင်တန်းကျောင်းဝန်းအတွင်းရှိ Tank Museum ၊ Cavalry Officer Mess ရှိ သံချပ်ကာသမိုင်းပြတိုက်တို့အား လှည့်လည် ကြည့်ရှုခဲ့ပြီး နေရာဌာနအလိုက် ဧည့်သည်တော်မှတ်တမ်းစာအုပ်များတွင် လက်မှတ်ရေးထိုး၍ Cavalry Officer Mess ၌ သံချပ်ကာယန္တရား တပ်ဖွဲ့ဗဟိုဌာနနှင့် သင်တန်းကျောင်း (Armoured Corps Centre & School- ACC & S) ကျောင်းအုပ်ကြီးနှင့် ဇနီးတို့က တည်ခင်းဧည့်ခံသော နေ့လယ်စာစားပွဲသို့ တက်ရောက်ကာ အထိမ်းအမှတ်ပစ္စည်းနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။ 

ထို့နောက် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၄၅ မိနစ်တွင် အာမက်နဂါးမြို့၊ သံချပ်ကာယန္တရားတပ်ဖွဲ့ဗဟိုဌာနနှင့် သင်တန်းကျောင်း (Armoured Corps Centre & School- ACC & S) မှ ပူနေးမြို့လေတပ် စခန်းသို့ ရဟတ်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာ၍ ထိုမှတစ်ဆင့် ဒေသ စံတော်ချိန် ညနေ ၅ နာရီတွင် တပ်မတော်အထူးလေယာဉ်ဖြင့် နယူးဒေလီမြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ည ၇ နာရီတွင် နယူးဒေလီမြို့၊ အိန္ဒိယလေတပ်၊ Palam Technical Area သို့ ရောက်ရှိပြီး လေဆိပ်တွင် အိန္ဒိယကြည်းတပ်ထောက်လှမ်းရေးညွှန်ကြားရေးမှူး ချုပ်ရုံး (Directorate General of Military Intelligence-DGMI) မှ တွဲဖက်ညွှန်ကြားရေးမှူးချုပ် Major General Ajey Seth, VSM နှင့်ဇနီး၊ အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး နယူးဒေလီမြို့ ရှိ ITC MAURYA HOTEL သို့ ရောက်ရှိရပ်နားခဲ့ကြကြောင်း သတင်းရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...