Social Icons

Pages

Friday, September 7, 2018

တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်




နေပြည်တော် ၇-၉-၂ဝ၁၈

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အေးချမ်း ဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစု များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများ နှင့် အားကစား ဝါသနာရှင်များ တက်ရောက် ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲပွဲစဉ်ဖြစ်သည့် ဘုရင့်နောင် တပ်နယ် အမျိုးသမီးဘော်လီဘောအသင်း နှင့် ပန်းတောင်းတပ်နယ် အမျိုးသမီး ဘော်လီဘော အသင်းတို့၏ ယှဉ်ပြိုင်မှုကို လည်းကောင်း၊ တောင်ငူတပ်နယ် အမျိုးသား ဘော်လီဘော အသင်းနှင့် ပန်းတောင်းတပ်နယ် အမျိုးသားဘော်လီဘော အသင်းတို့၏ ယှဉ်ပြိုင်နေမှုများကို လည်းကောင်း ကြည့်ရှုအားပေးကြသည်။ 

ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆု ရရှိသူများ၊ အသင်းလိုက် ဆုရရှိကြသူများ၊ ဒိုင်းဆုရရှိသော ပန်းတောင်းတပ်နယ် အမျိုးသား ဘော်လီဘောအသင်းနှင့် အမျိုးသမီး ဘော်လီဘောအသင်းတို့ကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဒိုင်းဆုနှင့်ဆုများ အသီးသီး ပေးအပ်ကြသည်။ 

အဆိုပါဘော်လီဘောပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ မှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၂ သင်းနှင့် အမျိုးသမီးအသင်း ၁၂ သင်းဖြင့် စက်တင်ဘာ၂ ရက်မှ ၅ ရက်အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...