Social Icons

Pages

Monday, September 17, 2018

သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်






နေပြည်တော် ၁၇-၉-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်၊ ဒက္ခိဏာရာမ ဘုရားကြီးတိုက် ပရိဝုဏ်အတွင်းရှိ ကျောင်းတိုက် ၇၃ ကျောင်းမှ သံဃာတော်များအား ယနေ့နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်းတိုက် ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၆၁၈ ပါးတို့ကို ခွဲစိတ်မှုဆိုင်ရာရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ အာထရာဆောင်း ရိုက်ပေးခြင်းနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...